ပလက်ဖောင်းပေါ်မှာနေရင်း ကျန်းမာရေးဆိုးဝါးကာ နေပူမရှောင်မိုးရွာ မရှောင် ဆိုက်ကားတွေကို ညစောင့်လုပ်ပေးနေရရှာတဲ့ အဖိုး

//s9.kh1.co/47/479687e7421aa0ce70abb7cc69be77687c440568.jpeg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

အသက်အရွယ်ကြီးရင့်နေကာ အဖိုးကတော့ ကျန်းမာရေးအခြေအနေတွေလည်း ဆိုးနေပေမယ့် စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲနဲ့ လှုပ်ရှားရုန်းကန်နေရတာ တွေ့ရပါတယ်..။

အဖိုးကတော့ နှစ်အတော်ကြာနေထိုင်လာခဲ့တဲ့ နေရာလေးကို သံယောဇဉ်တွဲရင်း လုံခြုံမှု မရှိတဲ့ အမိုးအစုတ်လေးအောက်မှာ နေပူ မရှောင် မိုးရွာ မရှောင် ဆိုက်ကားတွေကို တစီး (200)နဲ့ ညစောင့်အဖြစ် လုပ်ကိုင်ရင်း နေထိုင်နေတာ ဖြစ်ပါတယ်..။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

အဖိုးကတော့ ကျန်းမာရေးအခြေအနေတွေ ဆိုးရွားနေပြီး စကားတောင်ပြန်မပြောနိုင်ဘဲ အဆုတ်က မကောင်းတော့တဲ့အပြင် မိုးမိထားတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးက အဆိုးဘက်ကို ကူးပြောင်းနေရှာတာ ဖြစ်ပါတယ်..။

အသက်ကြီးနေပြီဖြစ်တဲ့ အဖိုးကတော့ မိသားစုရှိပေမယ့် ပစ်ပယ်ခံထားရပြီး အမူးသမားတွေရဲ့ ပိုက်ဆံလု အနိုင်ကျင့်တာကိုလည်း ခံရတယ်လို့ သိရပါတယ်..။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

ကျန်းမာရေးဆိုးရွားကာ နေရာဟောင်းကို သံယောဇဥ်တွယ်နေတဲ့ အဖိုးတွက် စေတနာရှင်တွေက ဆေးခန်းပြကာ စုတ်ပြဲနေတဲ့ အမိုးလေးကို မိုးလုံလေလုံ တဲလေးတစ်လုံးနဲ့ လိုအပ်တဲ့ အဝတ်အစားများစောင်များအား ဝယ်ယူလှူဒါန်းကာ မိုးလုံလေလုံလေးဖြစ်အောင် ကူညီပေးခဲ့တာလည်း တွေ့ရပါတယ်..။

ဆင်းရဲနွမ်းပါးတဲ့အဖိုးအဖွားတွေအတွက် တတ်နိုင်သလောက် ကူညီနေကြတဲ့ စေတနာရှင်တွေရဲ့ ကုသိုလ်ပြုအလှူတွေကတော့ ကြည်နူးပီတိတွေနဲ့ သာဓုခေါ်စရာကောင်းတာမို့ ဝိုင်းဝန်းဖေးမကူညီကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်..။

Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc
Photo Credit - ArrPuu Tuu's Fb Acc

သတင်း အရင်းအမြစ်ArrPuu Tuu's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T