လေယာဉ်ပျက်ကျလို့ ပျော်မိတဲ့အထဲမှာ ဆရာတော်ဘုရားကြီးတွေမပါပါဘူး ဆိုပြီး ဝန်ချတောင်းပန်လာခဲ့ကြတဲ့ပြည်သူများ

//s9.kh1.co/54/54a54ea0c32166456f5d862ec395a5b4318d9fdd.jpeg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၄ နှစ် က

လေယာဉ်ပျက်ကျလို့ ပျော်မိတဲ့အထဲမှာ ဆရာတော်ဘုရားကြီးတွေမပါပါဘူး ဆိုပြီး ဝန်ချတောင်းပန်လာခဲ့ကြတဲ့ပြည်သူများ

ဒီနေ့ မနက်ပိုင်းမှာတော့ နေပြည်တော်မှ ပြင်ဦးလွင် သို့ ထွက်ခွါလာတဲ့ တပ်မတော်လေယာဉ်တစ်စင်းဟာရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် အနီးစခန်းမှာ ဆင်းသက်စဉ် ပျက်ကျခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီလေယာဉ်ထဲမှာ စျေးကုန်းကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရ နဲ့ မြို့မစျေးကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ တေဇောသာရ တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးတွေက ပြင်ဦးလွင်မြို့နယ်၊သုံးထောင်ကျေးရွာအုပ်စု၊ကျောက်ဖျားဒိုးကျေးရွာတွင် ဆောက်လုပ်မယ့် မဟာဝိသုတာရာမ စျေးကုန်းပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပဖို့အတွက် လိုက်ပါလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

လေယာဉ်ထဲမှာလိုက်ပါလာသူတွေကတော့ စုစုပေါင်း (၁၄)ဦးလို့ ကနဦးသတင်းတွေထွက်ပေါ်ခဲ့ပြီး (၁၄)ဦးထဲမှ(၂)ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ဆရာတော်ကြီးတွေကတော့ ဘုရားသားတော်တွေဖြစ်လို့ အယုတ်အလတ်အမြတ်မရွေးကို မခွဲခြားဘဲ အကုန်လုံးကို တန်းတူရည်တူ ဆက်ဆံတာဖြစ်လို့ အခုလိုပင့်ဖိတ်မှုကိုလည်း ကြွရောက်ခဲ့တာဖြစ်ပါတယ်။ပြည်သူတွေကလည်း သံဃာတော်တွေက ဘယ်သူကပင့်လို့ မလိုက်ဘူးဆိုပြီးရွေးချယ်ခွင့်မရှိတာကို သိနားလည်ထားကြတာဖြစ်ပါတယ်။    

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့ကြောင့်လည်း လေယာဉ်ပျက်ကျလို့ ဆရာတော်ဘုရားကြီးတွေပါ ပျံလွန်တော်မူသွားတဲ့အတွက် များစွာစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ပြည်သူတွေက လေယာဉ်ပျက်ကျလို့ပျော်တဲ့အထဲမှာ ဆရာတော်ဘုရားကြီးတွေအတွက် မဟုတ်ပါဘူး ဆိုပြီး ဝန်ချတောင်းပန်ထားကြတာဖြစ်ပါတယ်။သာသနာ့ဝန်ကို ထမ်းရွက်နေကြတဲ့ဆရာတော်ဘုရားကြီးတွေ အခုလိုမျိုးကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူတွေလည်း ဝမ်းနည်းနေကြကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T