ဖေဖော်ဝါရီလထဲက စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးကြီးကို အရာရာဦးဆောင်ခဲ့သူတွေကတော့ မျိူးဆက်သစ် လူငယ်လေးတွေဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုတွေမှာလည်း ရှေ့ကနေ ဦးဆောင်ရင်း ခုခံကာကွယ်ပေးခဲ့ကြပါတယ် ။ တိုင်းပြည်နဲ့ လူမျိူးအတွက် သူတို့ရဲ့ကြီးမားတဲ့ အိမ်မက်တွေ ရည်မှန်းချက်တွေကို စွန့်လွှတ်ပြီး အရာရာပေးဆပ်ခဲ့ကြသူတွေပါ ။ ဒီလိုတော်လှန်ရေး ကာလတွေမှာလည်း ကြွေလွင့်သွားရတဲ့ ပြည်သူ့ သူရဲကောင်းတွေ များစွာ ရှိခဲ့ပါတယ်။


အခုဆိုရင်လည်း ပိုမိုဆိုးဝါး လာတဲ့ အခြေအနေ အရပ်ရပ်ကြောင့် လူငယ်တော်တော်များများက သူတို့ရဲ့ အောင်မြင်မှုတွေ ၊ ဝါသနာတွေ ၊ သံယောဇဉ်တွေကို စွန့်လွှတ်ကာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ အပြည့်နဲ့ တိုင်းရင်းသား အဖွဲ့တွေထဲဝင်ရောက်ကာ စစ်သင်တန်းတက်ရောက်လျက်ရှိပါတယ် ။ တစ်ချို့ဆို အောင်မြင်ကျော်ကြားနေတဲ့ အနုပညာလောကသားထဲက လူငယ်တွေတောင် ပါဝင်နေတာပါ ။


အမှန်တရားဘက်က ရဲရဲဝင့်ဝင့် ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထဲဝင်ခဲ့ကြပေမယ့် သူတို့အတွက်လည်း အဆင်မပြေမှုတွေများစွာကို ရင်ဆိုင်ရင်း အကောင်းဆုံး အားတင်းကျော်ဖြတ်နေရတာပါ ။ ဒီလို တောထဲမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အကြောင်းကို အရင်က အလှဆုံးတွေကို ဖန်တီးကာ ကင်မရာကိုင်ခဲ့တဲ့ လက်ကနေ သေနတ်ပြောင်းကိုင်ခဲ့တဲ့ PDF လူငယ်လေးတစ်ယောက်ကလည်း " တောထဲက ပုံတွေတင်နေလို့ ပျော်နေတယ်လို့ ထင်နေတဲ့သူတွေကို ပြောချင်တယ် ငါတို့မှာ ပျော်စရာဆိုတာ ဘာမှမရှိဘူး အိမ်သာလောက်ရှိတဲ့ တဲလေးထဲ ၃ယောက်လောက်ထိုးပြီးအိပ်ရတယ် ၃ရက်လာက်နေမှရေချိုးရတဲ့ အခါတွေရှိတယ် သောက်ရေသန့်ကုန်နေလို့ ထုံးကျောက်တွေပါတဲ့ရေကို ဆီးကျောက်တည်မှာ သိသိနဲ့ရေဆာလို့သောက်ခဲ့ရတာလဲ အခါပေါင်းမနည်းတော့ဘူး ညဘက် ခြင်တွေ တစ်ညောင်ညောင်နဲ့ မိုးရွာထဲမှာ ကင်းစောင့်ရတာလဲ မင်းတို့မသိဘူး မိုးရွာလို့ ဆောင်တွေ အဝတ်တွေရေစိုပြီး ခြုံစရာ ဝတ်စရာမရှိလို့ ဒီတိုင်းအိပ်ခဲ့တာတွေလဲများနေပြီ အစာအိမ်ရှိတဲ့သူတွေတောင် ညဘက်ဗိုက်ဆာတဲ့အခါထမင်းချက်ဖို့ မီးဖိုကမီးကို ရန်သူမြင်မှာဆိုးလို့ အသားတုကိုရေနဲ့လောင်းပြီးစားခဲ့တာတွေလဲ ကိုယ်ချင်းစာခံစားကြည့်ပေါ့ ငှက်ဖျားမိနေတဲ့ရဲဘော်တွေ ဝမ်းသွားနေတဲ့ရဲဘော်တွေလဲမနည်းဘူး ဒီကြားထဲ ထိတွေ့မှုဖြစ်ရင် အချိန်မရွေးသေနိင်တယ်ဆိုတာလဲ ထည့်တွေး ပုံတင်တဲ့ရဲဘော်တွေမြင်တိုင်းပျော်နေလို့ထင်မနေနဲ့ သူတို့ရဲ့စိတ်ထွက်ပေါက်ဆိုတာ အဲ့တာပဲရှိတယ် ကိုယ်တင်လိုက်တဲ့ postsတစ်ခုကြောင့် မြို့ပေါ်က လူတွေ အားရှိပါစေဆိုတဲ့ အတွေးနဲ့ တင်နေတဲ့postsတွေလဲရှိတယ် ငါ့ကို ပုံတင်တိုင်းသာယာနေတယ်မထင်နဲ့ အဆင်ပြေလားလာလာမမေးနဲ့ သုံးစရာပိုက်ဆံမရှိလို့ Camera Flash တွေ Lensတွေ ရောင်းထားလို့ အရေးတော်ပုံပြီးလို့ ကင်မရာရိုက်ရမယ်ဆိုရင်တောင် ငါ့မှာ ရောင်းရလွန်းလို့ ကင်မရာကိုင်စရာတောင်ရှိတော့မယ်မထင်ဘူး" ခုလို သူရဲ့ ခံစားချက်လေးကို ရေးသားဖော်ပြထားရာ ပရိသတ်ကြီးလည်း ဖတ်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ်။
