ကျဆုံးသူသားလေးရဲ့ နောက်ဆုံးအမှတ်တရ ဗီဒီယို၊TikTok တွေကိုပြန်ကြည့်ရင်း မျက်ရည်တွေကျပြီး အရမ်းလွမ်းနေရှာတဲ့ မိခင်တစ်ဦး

//s9.kh1.co/3b/3b0bdd8714aedaff2b185f7ecafa0184bca12653.jpeg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

ကျဆုံးသူသားလေးရဲ့ နောက်ဆုံးအမှတ်တရ ဗီဒီယို၊TikTok တွေကိုပြန်ကြည့်ရင်း မျက်ရည်တွေကျပြီး အရမ်းလွမ်းနေရှာတဲ့ မိခင်တစ်ဦး

လက်ရှိအခြေအနေမှာ မိဘတွေအနေနဲ့လည်း မိမိတို့ရဲ့သားသမီးတွေကို မထင်မှတ်ဘဲ ခွဲခွါလိုက်ရလို့ နေ့ရက်တိုင်းဝမ်းနည်းပူဆွေးနေရတာပဲဖြစ်ပါတယ်။မတ်လတုန်းက ယုဇနဥယျာဉ်ပုဏ္ဏမီမှာ ဦးခေါင်းကို ကျည်ထိပြီး ကျဆုံးခဲ့ရတဲ့ မောင်ခန့်အောင်ဖြိုးရဲ့ မိခင်ကတော့ သားဖြစ်သူကို ယနေ့ထိတိုင် လွမ်းဆွတ်သတိရနေတာပဲဖြစ်ပါတယ်။သားလေး နောက်ဆုံးပို့ခဲ့တဲ့ စာတွေကို အကြိမ်ကြိမ်ပြန်ဖတ်၊အသံလေးကို ခဏခဏနားထောင်ရင်း မျက်ရည်တွေကျနေရှာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မောင်ခန့်အောင်ဖြိုးက ငယ်ငယ်ကတည်းက ပညာရေးမှာထူးချွန်ပြီး ဆုတွေလည်းမကြာခဏရရှိခဲ့တာဖြစ်ပါတယ်။ဒါ့ကြောင့် မောင်ခန့်အောင်ဖြိုးက မိခင်ကို “မေမေ ဘွဲ့နှင်းသဘင်မတက်ဖူးရင် သားရောက်အောင်ပို့ပေးမယ်”ဆိုပြီး ပြောခဲ့သေးတာဖြစ်ပါတယ်။မိခင်ခမျာမှာတော့ အမေတစ်ခုသားတစ်ခုဘဝမှာ သားလေးကိုဆုံးရှုံးလိုက်ရလို့ နေ့ရက်တိုင်းကို မျက်ရည်တွေနဲ့ပဲ အဖော်ပြုနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း မောင်ခန့်အောင်ဖြိုးရဲ့ အမှတ်တရဗီဒီယိုလေးတွေကို ပြန်ကြည့်ရင်း လွမ်းနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

မိခင်ကတော့ တစ်ယောက်တည်းနေရတဲ့ဘဝမှာ အရမ်းအထီးကျန်ပြီး အားငယ်နေတဲ့အပြင် သားလေးလူ့ဘဝပြန်လာရင် သူမကို တစ်ကြိမ်လောက်လာတွေ့ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။သူရဲကောင်းမောင်ခန့်အောင်ဖြိုးရဲ့မိခင်က “သားသားရေ မေမေကံဆိုးတယ်ဘယ်သူပြောလဲ မေမေကိုယ်တိုင်လည်းမပြောခဲ့ဘူး မေမေ့မှာသားသားအသံတွေကြားခွင့်ရှိနေသေးတယ် သားသားလှုပ်ရှားတာတွေမြင်နေရသေးတယ် အရှုံးထဲမှာအမြတ်ပေါ့သားလေးရဲ့အခုချိန်ထိကျနေတဲ့မျက်ရည်တွေကိုတော့တောင်းပန်ပါတယ်သားရယ်”ဆိုပြီး မောင်ခန့်အောင်ဖြိုးရဲ့ ဗီဒီယိုလေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Photo Credit: Original Uploder 

Source&Video Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T