အပြစ်မဲ့ပြည်သူတွေကို ​မတရားအနိုင်ကျင့်ပြီး နှိပ်စက်သတ်ဖြတ်နေတဲ့သူတွေကို သွေးကြွေးပြန်ဆပ်ရမယ်လို့ ရာဇသံပေးလိုက်တဲ့ PDFလူငယ်များရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/11/11ec6ade1d7c49e60453338b3ab6984b4bd836fd.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

အပြစ်မဲ့ပြည်သူတွေကို ​မတရားအနိုင်ကျင့်ပြီး နှိပ်စက်သတ်ဖြတ်နေတဲ့သူတွေကို သွေးကြွေးပြန်ဆပ်ရမယ်လို့ ရာဇသံပေးလိုက်တဲ့ PDFလူငယ်များရဲ့ဗီဒီယိုဖိုင်

မြန်မာလူငယ်တွေကတော့အာဏာရှင်လက်အောက်မှာ မနေချင်တာကြောင့် ရရာနည်းလမ်းတွေအသုံးပြုပြီး အာဏာရှင်ကို ဆန့်ကျင်နေကြပါတယ်။ တစ်ချို့သောလူငယ်တွေကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်ပြီး တိုင်းရင်းသားဒေသတွေဆီသွားရောက်ကာ ခက်ခက်ခဲခဲ၊ပင်ပင်ပန်းပန်းနဲ့ စစ်သင်တန်းကို တတ်ရောက်သင်ကြား​နေကြပါတယ်။ အသက်ကိုပဓာနမထားကြဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ပြင်ဆင်နေကြတဲ့ PDFလူငယ်တွေကတော့ အများပြည်သူရဲ့လေးစားချီးကျူးခြင်းကို ခံနေကြရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ယခုမှာတော့ ပြည်သူကာကွယ်ရေးတပ်(PDF)လူငယ်တွေဟာ အပြစ်မဲ့ပြည်သူတွေကို ​မတရားအနိုင်ကျင့်ပြီး နှိပ်စက်သတ်ဖြတ်နေတဲ့သူတွေကို သွေးကြွေးပြန်ဆပ်ရမယ်လို့ ရာဇသံပေးလိုက်ပါတယ် ။ ပြည်သူ့ကာကွယ်ရေးတပ်(PDF)လူငယ်တွေကတော့ တောတောင်ထဲမှာ အလကားလာနေတာမဟုတ်ဘဲ အချိန်တစ်ခုရောက်တာနဲ့ မြို့ပေါ်ပြန်လာပြီး သူတို့လုပ်ခဲ့တဲ့ လုပ်ရက်တွေအတွက် ပြန်လည်ပေးဆပ်ရမှာဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)လူငယ်တစ်ဦးကတော့ " အပြစ်မဲ့ပြည်သူတွေကို မတရားအနိုင်ကျင့်တဲ့ မအလတို့အတွက် GZ တို့ရဲ့ ရာဇသံ "ဆိုပြီး အဆိုပါဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ပြည်သူတွေကတော့ PDFလူငယ်တွေအားလုံးဘေးရန်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။  မတရားအနိုင်ကျင့်၊နှိပ်စက်သတ်ဖြတ်နေတဲ့သူတွေကို ရာဇသံပေးလိုက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)လူငယ်တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source - Original Upload

Photo Credit - Original Upload
Photo Credit - Original Upload
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T