စစ်အာဏာရှင်ကြောင့် ယနေ့အချိန်ထိ လူသေဆုံးမှုတွေဟာ ၈၀၀ ကျော်ရှိခဲ့ပြီဖြစ်ပါတယ်။ သေဆုံးသွားတဲ့သူတွေဟာ အပြစ်မဲ့ပြည်သူတွေဖြစ်ပြီး နောက်တစ်ချိန်မှာ တိုင်းပြည်အတွက် အကျိုးပြုမယ့်လူငယ်တွေလည်းပါ၀င်ခဲ့ပါတယ်။ အာဏာရှင်စနစ်ဆိုသည့်အလျောက် တိုင်းပြည်အကျိုးမကြည့်တာကြောင့် ခုလိုအရည်အချင်းရှိတဲ့ သူတွေ အပြစ်မဲ့သူတွေ သေဆုံးနေရတာဖြစ်ပါတယ်။



ခုဆိုရင်လည်း ကဗျာဆရာတစ်ယောက်ဖြစ်တဲ့ ကိုခက်သီရဲ့ သေဆုံးမှုဟာ တစ်လပြည့်ခဲ့ပြီဖြစ်ပါတယ်။ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ ကိုခက်သီအတွက် တစ်လပြည့်အထိမ်းအမှတ်အဖြစ် ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် အရှေ့ခြမ်းရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ အနက်ရောင်ကမ်းပိန် ပြုလုပ် ချီတက်ခဲ့ကြပါတယ်။


ကဗျာဆရာ ကိုခက်သီရေးသားခဲ့တဲ့ " သူတို့ကခေါင်းကိုပစ်တယ် တော်လှန်းရေးက နှလုံးသားမှာရှိတာ သူတို့မသိကြဘူး " ဆိုတာကို ပြည်သူတွေလဲ သိရှိကြမှာပါ။ ကဗျာဆရာ ကိုခက်သီရေးသားခဲ့သလိုပါပဲ ပြည်သူတွေအနေနဲ့လည်း အသက်ဆုံးရှုံးမှုများရှိပေမယ့် တော်လှန်းရေးက နှလုံးသားထဲမှာမို့ စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်လျက်ရှိပါတယ်။ ကဗျာဆရာကိုခက်သီရဲ့ တစ်လပြည့်အထိမ်းအမှတ်အဖြစ် အနက်ရောင်ကမ်းပိန် ပြုလုပ်ချီတက်ပုံတွေကို ပြည်သူတွေအတွက် ပြန်လည်မျှဝေရင်း ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source & Photo Credit - Orginal Uploader


