အရာရာ မတည်ငြိမ်နေတဲ့ အနေအထားတွေမှာ ပြည်သူတွေဟာ ဆိုရင် နေ့ရက်တိုင်း စိုးရိမ်ထိန့်လန့်စွာ နေထိုင်နေကြရတာပါ ။ ပေါက်ကွဲမှုတွေဆိုရင်လည်း မြို့ကြီးတွေထိပါ နေ့ရက်တိုင်း နေ့ရော ညပါ တစ်နေရာမဟုတ် တစ်နေရာ ပေါက်ကွဲနေတာဖြစ်ပါတယ် ။ စာသင်ကျောင်းတွေပါ ပေါက်ကွဲမှုတွေရှိလာတာကြောင့် မိဘတွေကတော့ ကျောင်းတက်နေတဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန်နေကြပါတယ် ။

နယ်မြို့တွေမှာဆိုရင် ဒေသခံတွေက ဒီထက်တောင် ဒုက္ခရောက်နေကြရတာပါ တိုက်ပွဲတွေကြောင့် လွတ်မြောက်ရာ စစ်ဘေးရှောင်စခန်းတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရသလို မိမိတို့နေအိမ်တွေလည်း တစ်ဖက် အာဏာရှင် လူတစ်စုရဲ့ တိုက်ခိုက်မှုဒဏ်တွေကြောင့် ပျက်ဆီးဆုံးရှုံးနေကြရပါတယ် ။ ဒါ့အပြင် နေအိမ်တွေပါ ပြာကျသည်ထိ မီးရှို့ ဖျက်ဆီး ခံနေရတာပါ ။ အာဏာရှင် လူတစ်စုရဲ့ လုပ်ရပ်ကြောင့် အပြစ်မဲ့ ပြည်သူတွေဟာ ဆုံးရှုံးမှုတွေ များစွာကိုရင်ဆိုင်နေရပါတယ် ။


မနေ့ကလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ လုံးတုံရွာ အထက်တန်းကျောင်း မီးလောင်းကျွမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ် ။ မီးများကို ဒေသခံတွေက ကြိုးစားကာ ဝိုင်းဝန်း ငြှိမ်းသက်ကြပေမယ့် မီးလောင်မှုအရှိန်အားကောင်းနေတာကြောင့် ကျောင်းတစ်ကျောင်းလုံး လောင်ကျွမ်းနေတာကို ဗီဒီယိုထဲမှာ တွေ့မြင်ရမှာပါ ။ ပရိသတ်ကြီးအတွက် ကချင်ပြည်နယ် လုံးတုံရွာ အထက်တန်းကျောင်း မီးလောင်းကျွမ်းနေတဲ့ ဗီဒီယိုဖိုင်ကို ဝေမျှပေးလိုက်ပါတယ် ။