တိုက်ပွဲကြောင့် သေဆုံးသွားခဲ့တဲ့ တံတားအလုပ်သမား (၂၅)ဦးရဲ့ အကြောင်းလေးကို ဘယ်သူမှမသိရှိခဲ့တဲ့ စိတ်မကောင်းစရာဖြစ်ရပ်လေး

//s9.kh1.co/c1/c1151810fb123bb0674e5eab94a0f9ddad89e3f1.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ ချင်း၊ ကချင်၊ ကယားနှင့် ကရင်ပြည်နယ်သေဒတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ထောင်နဲ့ချီတဲ့ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့ သတင်းတွေသိရှိရပေမယ့် ကရင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တံတားအလုပ်သမား အများစုသေဆုံးခဲ့ရတဲ့ သနားစရာ ဖြစ်ရပ်ကိုတော့ ဘယ်သူမှမသိရှိခဲ့ပါဘူး။

Photo Credit - Original Upload
Photo Credit - Original Upload

ယင်း ဖြစ်ရပ်လေးကတော့ မေလ (၃၁) ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီခရိုင်က ဝေါလေမြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ မြို့ခံလက်နက်ကိုင်တပ်တွေအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် မော်ပိုးကလို့ကျေးရွာက အိုးဟိုးချောင်းတံတားကို ဆောက်လုပ်နေတဲ့ အလုပ်သမား(၂၅)ယောက်ဟာ သေဆုံးသွားခဲ့တယ်လို့ ကြားသိရပါတယ်။ သေဆုံးခဲ့တဲ့ တံတားအလုပ်သမားတွေဟာ အမျိုးသားတွေပဲဖြစ်ပြီး အသက် (၁၈)နှစ် အရွယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

ပျံ့နှံ့လာတဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ အမည်မသိ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် တံတားအလုပ်သမား (၂၅)ယောက်သေဆုံးခဲ့သလို အချို့အလုပ်သမားတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ သူတွေထဲမှာ ကလေးသူငယ်တွေပါဝင်သလို အမျိုးသမီးတွေလည်းပါသွားတယ်လို့ ဆိုပါတယ်။ ဒီလို လူမသိလိုက်ရတဲ့ ဖြစ်ရပ်လေးကတော့ တကယ့်ကို စိတ်မကောင်းစရာဖြစ်ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T