မလုပ်သင့်တဲ့လုပ်ရပ်နဲ့ သမီးလေးကို ပွဲချင်းပြီး သေစေခဲ့တဲ့ မိခင်အမျိုးသမီး

//s9.kh1.co/a6/a6eb212616e946799161923530487ee21b3fcc56.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

Russia နိုင်ငံက Anna Ruzankina လို့ခေါ်တဲ့ အသက် ၂၃ နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ ၃ နှစ်အရွယ်သမီးလေး Anastasia အပေါ် မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

Anna ဟာ အရမ်းငိုနေတဲ့ သမီးလေးကို အပြစ်ပေးဖို့အတွက် ခြောက်လွှာမှာရှိတဲ့ အခန်းရဲ့ လသာ​ဆောင်ကနေ အင်္ကျီစကို ကိုင်ပြီး တွဲလောင်းချထားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=433,q=100/47/47fa28b1c3a1fa97c7feca93b52e258752b78963.jpg

အဲ့အချိန်မှာ သမီးလေး Anastasia ဟာ အရမ်းငိုကြွေးနေခဲ့ပြီး မေမေ သမီးအရမ်းကြောက်တယ်လို့ တဖွဖွ ပြောနေပေမယ့် Anna က အပေါ်ကိုပြန်ဆွဲမတင်ခဲ့ပါဘူး။

အဲ့ဒီနောက်မှာပဲ Anna ဆွဲထားတဲ့ Anastasia ရဲ့ အင်္ကျီစဟာ ပြဲသွားခဲ့ပြီး Anastasia ဟာ ပေ ၆၀ လောက်အမြင့်ကနေ ကတ္တရာ လမ်းပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=615,h=615,q=100/6b/6bd7c3b6d7332f8779a949d7baf2373bfbb6e7be.jpg

ပြုတ်ကျသွားတဲ့ အရှိန်ကြောင့်ပဲ Anastasia လေးဟာ သွေးအိုင်ထဲမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ်။

တစ်ချို့တက်လာတဲ့ သတင်းတွေထဲမှာတော့ မိခင်ဖြစ်သူဟာ ညက club သွားထားပြီးတော့ အရက်သေစာတွေ သောက်စားထားတယ်လို့ ဖော်ပြထားပါတယ်။

ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် လူ့လောကအကြောင်း စုံစုံလင်လင် မသိသေးတဲ့ အသက် ၃ နှစ်အရွယ်ကလေးလေးတစ်ယောက်ဟာ မိခင်ဖြစ်သူရဲ့ မလုပ်သင်တဲ့လုပ်ရပ်ကြောင့် သေဆုံးသွားရတာက တကယ့်ကို ကြေကွဲစရာပဲ။

https://s9.kh1.co/__image/w=615,h=720,q=100/40/405222ae9c5e4325efb7931adeab580b18ba443f.jpg
https://s9.kh1.co/__image/w=615,h=615,q=100/38/38812359e7ef4d91d22e8f5fc50ccc08282b5082.jpg

သတင်း အရင်းအမြစ်The Mirror

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T