အသက်(၇၅)နှစ်အရွယ် အမေစုရဲ့ ငွေကြေးနဲ့ဆေးဝါးတွေ လိုအပ်နေပါတယ်ဆိုတဲ့ စကားလေးက တောင်ကိုရီးယားသတင်းမှာ ဖော်ပြခြင်းခံရ

//s9.kh1.co/71/715c1af9a8e17aa509c33a92845d8b9be54e9ed5.jpeg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၄ နှစ် က

အသက်(၇၅)နှစ်အရွယ် အမေစုရဲ့ ငွေကြေးနဲ့ဆေးဝါးတွေ လိုအပ်နေပါတယ်ဆိုတဲ့ စကားလေးက တောင်ကိုရီးယားသတင်းမှာ ဖော်ပြခြင်းခံရ

ပြည်သူလူထုကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ပြည်သူတွေကို အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းနေကြတာဖြစ်ပါတယ်။ဒါ့အပြင်လည်း သူတို့တတ်နိုင်တဲ့နေရာကနေ အားသွန်ခွန်စိုက်ကြိုးစားပြီး လက်ရှိအခြေအနေကလွတ်မြောက်အောင် ဆောင်ရွက်နေကြတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းကဆိုရင် အမေစုက သူ့ရဲ့ရှေ့နေကို “ငွေကြေးနဲ့ဆေးဝါးတွေ လိုအပ်နေတယ်”လို့ အကူအညီတောင်းခဲ့တာကြောင့် ပြည်သူတွေခမျာ ရင်နဲ့မဆံ့အောင် ဝမ်းနည်းခဲ့ရတာဖြစ်ပါတယ်။

Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား

အခက်အခဲတွေရှိပေမယ့် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ရင်ဆိုင်နေတဲ့ အမေစုကို ပြည်သူတွေကလည်း ကူညီပေးဖို့အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။ပြည်သူတွေက သူတို့လေးစားချစ်ခင်ရတဲ့ အမေစုကတောင် အားတင်းထားနိုင်သေးတာဖြစ်လို့ သူတို့လည်း လက်မလျော့ကြသေးတာဖြစ်ပါတယ်။ရောင်နီသာတဲ့နေ့သစ်ဆီရောက်ဖို့အတွက်ပြည်သူတွေအကုန်လုံးက စည်းစည်းလုံးလုံးနဲ့ ဆက်လက်လျှောက်လှမ်းနေကြပြီး တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီနေကြတာ ဖြစ်ပါတယ်။

Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား

အခုဆိုရင်တော့ တောင်ကိုရီးယားသတင်းဌာနမှာ အမေစုက “ငွေကြေးလည်း ပြတ်နေပြီ၊ဆေးဝါးတွေလည်းလိုအပ်နေတယ်”ဆိုပြီး သူမရဲ့ရှေ့နေကို အကူအညီတောင်းခဲ့တဲ့စကားလေးကို ဖော်ပြရေးသားခဲ့တာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိစ္စကို နိုင်ငံတကာက စောင့်ကြည့်နေကြတာဖြစ်ပြီး တောင်ကိုရီးယားကတော့တတ်နိုင်တဲ့နေရာကနေ ပါဝင်ပေးနေတာဖြစ်ပါတယ်။ဒါ့ကြောင့် မြန်မာပြည်ရဲ့အခြေအနေတွေကို သတင်းအဖြစ်ဖော်ပြရေးသားပေးနေတဲ့ တောင်ကိုရီးယားသတင်းဌာနကို ကျေးဇူးတင်ရင်း ဒီကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား
Photo Credit:မရွှေမိုး-ကိုရီးယား

Source&Photo Credit:မရွှေမိုး-ကိုရီးယား

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T