လက်နက်အင်အား မမျှတာသိပေမယ့် အာဏာရှင်ကို တော်လှန်နိုင်ဖို့ ပြင်းထန်တဲ့ ခံစားချက်တွေကို ဖွင့်ဟလာတဲ့ GZလူငယ်(၃)ဦးရဲ့ ဗီဒီယို

//s9.kh1.co/81/816ffaf6c2a0b53995f22fd4922f159974810770.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိ GZ လူငယ်အများစုဟာ အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် နည်းမျိုးစုံဖြင့် ဆန္ဒပြ လှုပ်ရှားနေကြတဲ့အပြင် ပြည်သူ့ကိုယ်စားပြု NUG အစိုးက PDF တပ်မတော်ကိုဖွဲ့စည်းတည်ထောင်ဖို့အတွက် စိတ်အားထက်သန်တဲ့ GZ လူငယ်တွေကို လွတ်မြောက်နယ်မြေဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ သင်ကြားပြသပေးမှုဖြင့် စစ်ပညာများ နည်းစနစ်တကျ သင်ယူနေတာကိုလည်း တွေ့ရပါတယ်။

PhotoCredit - Myo Myint Kyaw fb account
PhotoCredit - Myo Myint Kyaw fb account
PhotoCredit - Myo Myint Kyaw fb account
PhotoCredit - Myo Myint Kyaw fb account

ဒီလို လွတ်မြောက်နယ်မြေဒေသတွေမှာ စစ်ပညာများကို သင်ယူနေကြတဲ့ GZ လူငယ်များဟာ ၎င်းတို့ရဲ့ တော်လှန်းရေးလမ်းစဥ်တွေနဲ့ ခက်ခက်ခဲခဲ နေထိုင်စားသောက်ရတဲ့ ပုံစံတွေကို မကြာခဏဆိုသလို ပြည်သူတွေအတွက် လူမှုကွန်မှာ ချပြတာတွေ ရှိပါတယ်။ ယခုမှာလည်း လက်ရှိ အာဏာရှင် တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ GZ လူငယ်(၃)ဦးရဲ့ ရင်တွင်းခံစားချက် ပြောပြလာတဲ့ ဗီဒီယိုလေးကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

PhotoCredit - Myo Myint Kyaw fb account
PhotoCredit - Myo Myint Kyaw fb account
PhotoCredit - Myo Myint Kyaw fb account
PhotoCredit - Myo Myint Kyaw fb account

ဒီ GZ လူငယ် (၃)ဦးဟာ တေးရေးတေးဆို ၊ ဓာတ်ပုံဆရာ နဲ့ ပုံမှန်နေထိုင်နေတဲ့ သူတွေဖြစ်ကြပြီး သူတို့ရဲ့ အေးချမ်းတဲ့ဘဝတွေကို စွန့်လွှတ်ကာ အနေအထိုင်၊ အစားအသောက် အခက်အခဲဖြစ်တဲ့ တောတောင်တွေထဲမှာ အာဏာရှင်ကိုတော်လှန်ဖို့အတွက် ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုကြောင့် မြို့ပြကလူတွေ အားတက်ပါစေလို့ ရည်ရွယ်ပြီး ဖော်ပြခဲ့သလို ၎င်းတို့ရဲ့ Location အတွက် စိတ်မပူကြဖို့ကိုလည်း ပြောဆိုထားပါသေးတယ်။

သတင်း အရင်းအမြစ်VideoCredit & Source - Myo Myint Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T