ဘုရားကျောင်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်တဲ့အပြင် ရစရာမရှိအောင် မီးရှို့ဖျက်စီးခံရတဲ့ ဘာသာရေးခေါင်းဆောင်​ ဓမ္မဆရာနေအိမ်

//s9.kh1.co/47/4736fc3b6031034979b0bbdaed0373843555ccce.jpeg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

..

ပြီးခဲ့တဲ့ရက်တွေကတည်းက စစ်ကောင်စီတပ်တွေဟာ ကယားပြည်နယ်အတွင်းက ကစ်သလစ်ဘုရားကျောင်းတွေကို လက်နက်ကြီးတွေနဲ့ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာ ဆက်တိုက် တွေ့မြင်ရပါတယ်..။

(၂)ပတ်အတွင်း ဘုရားကျောင်း အနည်းဆုံး (၃)ကျောင်း ပစ်ခတ်တိုက်ခိုက်ခံနေရပြီး စစ်ပွဲတွေမှာ ဘာသာရေးအဆောက်အဦးတွေ ဘုရားကျောင်းတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခွင့်မရှိပေမယ့် နိုင်ငံတကာက တားမြစ်ထားတာတွေကို ချိုးဖောက်ပြီး အကြမ်းဖက်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit

ကယားပြည်နယ် ဒီမော့ဆိုမြို့ ဒေါငံခါး မှာ ကစ်သလစ်ဘုရားကျောင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပြင် ဘာသာရေးခေါင်းဆောက်တွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်စီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်..။

နေအိမ်ကို မီးရှို့ဖျက်စီးခဲ့တာကြောင့် ရစရာမရှိအောင် ပျက်စီးခဲ့ကြရပြီး အသက်ဆုံးရှုံးမှုမရှိခဲ့ပေမယ့် ပြည်သူတွေရဲဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကြမ်းဖက်မှုတွေကတော့ နေ့တိုင်းလိုလိုပါပဲ..။

Photo Credit
Photo Credit
Photo Credit
Photo Credit

လက်ရှိမတည်ငြိမ်သေးတဲ့ အခြေအနေတွေမှာလည်း အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေမှာ ဆင်းရဲဒုက္ခအန္တရာယ်တွေအမျိုးမျိုးနဲ့ စိုးရိမ်ထိတ်လန့်မှုတွေကို ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်..။

ပြည်သူတွေကတော့ ရရာလက်နက်ဆွဲတိုက်ပွဲဝင်နေကြသလို အချင်းချင်းဖေးမကူညီရင်း အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit
Photo Credit
Photo Credit
Photo Credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T