သူတို့ရဲ့နေအိမ်တွေ ဖျက်ဆီးခံခဲ့ရတာကြောင့် အခြေအနေတွေတည်ငြိမ်သွားရင် နေစရာမရှိတော့တဲ့ ဒီးမော့ဆိုက ပြည်သူများ

//s9.kh1.co/65/654f250211716fcd67f7b3f3b9e111db21a7642e.jpeg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

....

ကယားပြည်နယ် အတွင်းမှာရှိတဲ့ ဒီးမော့ဆို မြို့နယ်‌မှာ ဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေပြီး ဒေသခံတွေက လွတ်မြောက်ရာ စစ်ဘေးရှောင် စခန်းတွေဆီကို ထွက်ပြေး ခိုလှုံနေရတာပါ။ အာဏာရှင်လူတစ်စုကလည်း မြို့တွေပေါ်အထိ တက်ကာ လက်နက်ကြီးတွေနဲ့ ကျောင်းတွေ ၊ လူနေအိမ်တွေ ၊ ဘုရားကျောင်းတွေထိပါ ပစ်ခတ်လျက်ရှိပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူ့ကာကွယ်ရေးတပ်တွေ အနေနဲ့လည်း ရရာလက်နက် ဆွဲကိုင်ကာ အစွမ်းကုန် ခုခံ တော်လှန်နေကြပေမယ့် လက်နက်အင်အား မမျှတ တာကြောင့် ခုဆိုရင် ပြည်သူတွေရဲ့ စည်းစိမ် ဥစ္စာတွေအထိပါ ဖျက်ဆီးခံနေရတာဖြစ်ပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ ရဲ့ အိုးအိမ်စည်းစိမ်တွေ များစွာပျက်ဆီး ဆုံးရှုံးနေရသလို ခုခံတိုက်ခိုက်ရင်း ကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေလည်း များစွာရှိနေပါတယ်။ 

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ကယားပြည်နယ် ဒီးမော့ဆိုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ ပြာကျသည်ထိ မီးလောင်ပျက်ဆီးနေတဲ့ ပုံရိပ်တွေ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပြန့်နှံ့ လျက်ရှိပါတယ် ။ ဒီအခြေအနေကြီး ပြီးသွားရင်တောင် နေစရာအိမ်မရှိတော့တဲ့ သူတို့ ဘဝလေးတွေကို ကိုယ်ချင်းစာနာမိကာ ထပ်တူစိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲနော် ။ ပရိသတ်ကြီးအတွက် ဒီးမော့ဆိုက အခြေအနေ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T