ပြင်ဦးလွင်မြို့အနီးစခန်းရှိ ဓာတ်အားပေးစက်ရုံထဲသို့ စစ်တပ်သုံးလေယာဉ်ပျက်ကျပြီး လိုက်ပါလာတဲ့ လူပေါင်း(၁၂)ဦးသေဆုံးခဲ့

//s9.kh1.co/c8/c84a34bff97020810642f48e0076d6bd57ef0b6d.jpg
နေ့စဉ်သတင်းများ

 ၁၀-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ပြင်ဦးလွင်မြို့အနီးစခန်းရှိ ဓာတ်အားပေးစက်ရုံထဲသို့ စစ်တပ်သုံးလေယာဉ်ပျက်ကျပြီး လိုက်ပါလာတဲ့ လူပေါင်း(၁၂)ဦးသေဆုံးခဲ့

ယနေ့ဇွန်လ၁၀ရက်နေ့ မနက်၈နာရီအချိန်မှာတော့ ပြင်ဦးလွင်ခရိုင် မေမြို့အနီးစခန်းနားက လျှပ်စစ်ဓာတ်အားပေးစက်ရုံထဲသို့ လေယာဥ်တစ်စီးပျက်ကျသွားခဲ့ပါတယ်။ အဆိုပါပျက်ကျသွားတဲ့ လေယာဥ်ဟာ စစ်တပ်သုံးလေယာဥ်ဖြစ်တယ်လို့ သိရပြီး အဆိုပါလေယာဥ်ထဲမှာ လူပေါင်း(၁၆)ယောက်ခန့်လိုက်ပါလာခဲ့တာပဲဖြစ်ပါတယ်။ ယခုအချိန်မှာတော့ နယ်မြေခံမီးသတ်ကားများနဲ့ လူနာတင်ယာဉ်များထွက်ခွာပြီး သွားရောက်ကယ်ဆယ်မှုပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

အဆိုပါလေယာဥ်က လျှပ်စစ်ခွဲရုံနဲ့သံမဏိစက်ရုံကြားထဲသို့ ပျက်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါလေယာဥ်ပျက်ကျမှုကြောင့် လိုက်ပါလာတဲ့လူပေါင်း(၁၂)ဦးခန့်သေဆုံးသွားကြောင်း သိရပါတယ်။ အဆိုပါလိုက်ပါလာတဲ့ လူတွေထဲမှာ ကလေးငယ်လေးတစ်ယောက်လည်းပါဝင်ပြီး အဆိုပါကလေးငယ်လေးက မစိုးရိမ်ရအခြေအနေမှာရှိတယ်လို့ သိရကာ ကျန်အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရအခြေအနေမှာရှိနေကြောင်း သိရပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

မန္တလေးမီးသတင်းအဖွဲ့ကတော့ "  ပြင်ဦးလွင်မြို့ အနီးစခန်းတွင် လေယာဉ်ပျက်ကျ ကနဦး(၈)ဦးသေဆုံး နယ်မြေခံမီးသတ်ကားများနှင့်လူနာတင်ယာဉ်များထွက်ခွာ (၁၆)ဦးခန့် ပါ သေဆုံး(၁၂)ဦးအမျိုးသမီး(၁)စိုးရိမ်ရကလေး(၁)ဦး မစိုးရိမ်ရ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။ လေယာဥ်ပျက်ကျပြီး ကယ်ဆယ်ရေးများပြုလုပ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source -Orginal Uploader

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T