မနေ့ည ၈ နာရီခန့်က လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေစဉ်အတွင်းမီးဖြတ်ထားတာကြောင့် မြို့ပေါ်ရှိ ရပ်ကွက်များတွင် နေထိုင်သူများအဖို့ ထိတ်လန့်စရာ အခြေအနေများနဲ့ ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ တစ်ဖက်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုကြောင့် နေအိမ်တွေထဲသို့ကျည်ဆံတွေ ကျရောက်ခဲ့မှုများလည်း ရှိခဲ့ပါတယ်။


အခုလို ပစ်ခတ်မှုတွေကြောင့် လွိုင်ကော်မြို့ နမ့်ဘော်ဝမ်း(ခ) ရပ်ကွက်ရှိ အိမ်တစ်အိမ်ထဲသို့ လက်နက်ကြီးကျကာညီအစ်ကိုနှစ်ယောက်ထဲမှ တစ်ယောက် ကျည်ထိမှန်မှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ထိုလူငယ်လေးဟာအသက် (၁၈) နှစ်အရွယ်သာ ရှိသေးတာဖြစ်ပြီး ကုတင်ပေါ်တွင် အိပ်နေရာမှ အိမ်ခေါင်မိုးပေါ်တည့်တည့်သို့လက်နက်ကြီး ကျသွားခဲ့တာ ဖြစ်ပါတယ်။ မနေ့က နေ့လည်လောက်ကတည်းက တစ်ဖက်မှ စစ်အင်အား (၃၀၀) ခန့်လွိုင်ကော်မြို့သို့ ခြေလျင် ချီတက်လာခဲ့ကြတာ ဖြစ်ပါတယ်။


မနေ့ည ၈ နာရီခန့်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေကြတာ ဖြစ်ပြီး ည (၁၀) နာရီခန့်တွင်တော့ သေနတ်သံများ တိတ်သွားခဲ့တယ်လို့ သိရှိရပါတယ်။ အေးချမ်းလှတဲ့ လွိုင်ကော်မြို့လေးတွင်တစ်နေ့ထက်တစ်နေ့ တိုက်ပွဲများ ပြင်းထန်နေတာ ရက်အတော်ကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ အတတ်နိုင်ဆုံး ထိခိုက်ဆုံးရှုံးမှုနည်းအောင်ကြိုးစားတိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသများမှ ပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Original Uploader

