မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့သတင်းတွေကို နိုင်ငံတကာက အချိန်နဲ့တစ်ပြေးညီ သိရှိစေဖို့အတွက် ပြည်သူတွေက Social Media တွေကို အသုံးပြုပြီး မျှဝေပေးနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်ပနိုင်ငံတွေက မြန်မာပြည်သူတွေ ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခတွေကို စာနာနားလည်ပြီး ဖေးမကူညီပေးနေကြတာ ဖြစ်ပါတယ် ။ ဂျပန်နိုင်ငံမှာဆိုရင်လည်း ဂျပန်လူမျိုးတွေက မြန်မာနိုင်ငံအတွက် တတ်နိုင်သလောက် အားပေးကူညီပေးနေကြတာ ဖြစ်ပါတယ် ။



ပြီးခဲ့တဲ့ရက်ကဆိုရင်လည်း ဂျပန်လူမျိုးတွေက မြန်မာ့အရေးအတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ ဂျပန်လူမျိုးတွေက သူတို့နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အိုလံပစ်ပွဲတော်ကိုမလုပ်ဖို့ တားမြစ်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ် ။ ကမ္ဘာကြီးငြိမ်းချမ်းစေဖို့အတွက် အခုချိန်မှာ အိုလံပစ်ပွဲတော်ထက် မြန်မာနိုင်ငံရဲ့အရေးက ပိုအရေးကြီးတယ်ဆိုပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ် ။



ဂျပန်လူမျိုးတွေရဲ့လေးစားချင်စရာကောင်းတဲ့ လုပ်ရပ်ကြောင့် မျက်ရည်ပါကျမိကြောင်း ဂျပန်ရောက်မြန်မာပြည်သူတစ်ဦးက ရင်ဖွင့်ပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဂျပန်နိုင်ငံမှာတော့ လူကြီးတွေသာမက ကလေးတွေကပါ မြန်မာနိုင်ငံကို အားပေးကူညီဖို့အတွက် စိတ်အားထက်သန်နေကြတာပဲ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံက ပြည်သူတွေအတွက် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ပေးခဲ့တဲ့ ဂျပန်လူမျိုးတွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source & Photo Credit-Original Uploader



