မေသစ္စာမောင်နဲ့ အန်တီကြီးတို့ထိုင်တဲ့ဘက်အခြမ်းမှာ ပြင်းပြင်းထန်ထန် အတိုက်ခံလိုက်ရလို့ တံခါးပါချိုင့်ဝင်နေတဲ့ Probox Taxi ရဲ့အခြေအနေ

//s9.kh1.co/1c/1c36f0b0cdb1bb2dc9673167444a262fd4243e38.jpeg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

မေသစ္စာမောင်နဲ့ အန်တီကြီးတို့ထိုင်တဲ့ဘက်အခြမ်းမှာ ပြင်းပြင်းထန်ထန် အတိုက်ခံလိုက်ရလို့ တံခါးပါချိုင့်ဝင်နေတဲ့ Probox Taxi ရဲ့အခြေအနေ

အင်းယားလမ်း ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်ဆုံးရှုံးသွားရသူတွေရဲ့ ရုပ်ကလာပ်ကို ဒီနေ့မှာ ကျန်ရစ်သူမိသားစုက သင်္ဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။မော်ဒယ်မေသစ္စာမောင်ရဲ့ ရုပ်ကလာပ်ကို ရေဝေးသုသာန်မှာ သင်္ဂြိုလ်ခဲ့ပြီး Taxi ယာဉ်မောင်း ဦးလေးကြီးတို့ဇနီးမောင်နှံကိုတော့ ထိန်ပင်သုသာန်ကိုပို့ဆောင်ကာ မီးင်္သဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။သေဆုံးသူသုံးယောက်လုံးရဲ့ နောက်ဆုံးခရီးကို ကျန်ရစ်သူမိသားစုနဲ့၊သူငယ်ချင်း၊မိတ်ဆွေတွေကဝမ်းနည်းကြေကွဲစွာ လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Taxi ယာဉ်မောင်း ဦးလေးကြီးတို့ဇနီးမောင်နှံရဲ့ ကျန်ရစ်သူသားလေးကလည်း အဖေနဲ့အမေကို ဦးချကန်တော့ပြီးနောက်ဆုံးအနေနဲ့နှုတ်ဆက်ခဲ့ရှာတာဖြစ်ပါတယ်။အဲ့ဒီလူငယ်လေးကို သူ့ရဲ့သူငယ်ချင်းတွေကလည်း ကူညီဖေးမကြပြီး ဘေးနားမှာနေပေးကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း မသေသင့်ဘဲ သေသွားရတဲ့ အသက်သုံးချောင်းအတွက် ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။ကျန်ရစ်သူသားလေးကလည်း သူ့ရဲ့မိဘနှစ်ပါးအတွက်တရားမျှတမှုရအောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တစ်ဖက်ယာဉ်က မီးနီကိုဖြတ်မောင်းပြီး အရှိန်ပြင်းပြင်းဝင်တိုက်မှုကြောင့် Probox Taxi တစ်ခြမ်းလုံး ရစရာမရှိအောင် ချိုင့်ဝင်သွားတာဖြစ်ပါတယ်။တံခါးချိုင့်ဝင်နေတဲ့ နေရာက မေသစ္စာမောင်နဲ့ ယာဉ်မောင်းဦးလေးကြီးရဲ့အမျိုးသမီးတို့ ထိုင်တဲ့ဘက်အခြမ်းဖြစ်ပါတယ်။ရုတ်တရက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ ကွယ်လွန်သူတွေလည်းဘာမှမသိလိုက်ခင်အချိန်မှာပဲ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။သေဆုံးသူ(၃)ယောက်ရဲ့ကျန်ရစ်သူမိသားစုဝင်တွေကို ကိုယ်ချင်းစာမိပြီး တရားမျှတမှုရပါစေလို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။  

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T