ဖမ်းဆီးထိန်းသိမ်းမှုတွေ နေရာတိုင်းမှာ များပြားနေပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့ရက်တိုင်း ထွက်ပေါ်နေကြဆဲဖြစ်ပါတယ်။ အရင်လို အင်အားများစွာနဲ့ ဆန္ဒထုတ်ဖော်ရန် မလွယ်ကူတာကြောင့် ပြောက်ကျားသပိတ်တွေဆင်နွှဲကာ အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်နေကြတာဖြစ်ပါတယ်။ ပြည်သူတွေဘက်က အခုလို ဆန္ဒပြသပိတ်တွေထွက်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDFတွေဖွဲ့စည်းပြီးတော့လည်း စစ်အာဏာရှင်တွေကိုတော်လှန်နေကြတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ခုချိန်မှာ ပြည်သူအားလုံးက ပန်းတိုင်တစ်ခုတည်းကို လျှောက်လှမ်းနေတဲ့ ရင်ဘတ်ချင်း တူညီကြသူတွေမို့ ကိုယ်လုပ်နိုင်တဲ့ နေရာကနေ လုပ်နိုင်တာ မှန်သမျှဆောင်ရွက်နေကြတာပါ။ ယနေ့မှာဆိုရင်လည်း မိုးသည်းသည်းမည်းမည်းရွာနေတဲ့ကြားကနေ မန္တလေးမြတောင်သပိတ်စစ်ကြောင်းက ကြွေးကြော်သံတွေနဲ့အတူထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဆိုင်ကယ်တွေကိုယ်စီနဲ့ မိုးထဲရေထဲမှာ အာဏာရှင်စနစ်ကိုတော်လှန်သပိတ်မှောက်နေကြတဲ့ မန္တလေးသားတွေရဲ့ သတ္တိကတော့ လေးစားစရာပါပဲနော်။

Photo credit-Original Uploader
Photo credit-Original Uploader

ဆရာတေဇာဆန်းကိုယ်တိုင်လည်း သူ့ရဲ့ Facebookစာမျက်နှာမှာ "မြတောင်_သပိတ်စစ်ကြောင်း သွေးမကြောင်တဲ့ မြတောင်၊ သမိုင်းပြောင်တဲ့ မြတောင်၊ ရွှေမန်းဂုဏ်ဆောင် မြတောင်။ ယနေ့ ကျနော်တို့ မန်းလေး၊ မိုးထဲလေထဲက မြတောင်သပိတ်စစ်ကြောင်း မြင်ကွင်း။အထူးလေးစား၊ ဦးညွတ် ဂုဏ်ပြုပါ၏။ ကမ္ဘာမကြေဘူး မလျော့ဘူး သွေးမအေးဘူး နောက်မဆုတ်ဘူး တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

အရေးတော်ပုံ_အောင်ရမည်......" ဆိုပြီးရေးသားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Original Uploader

သတင်းအရင်းမြစ်: Tayzar San's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။