သေနတ်နဲ့ ပစ်ခံရပြီး ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ချောင်းဦးမြို့ လူထုသပိတ်ခေါင်းဆောင်မာန်ဇာမြေမွန်

//s9.kh1.co/bc/bcf011b074bf29316a98b09a23b6d6eea63ab8e9.jpeg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၅pm · လွန်ခဲ့သော ၄ နှစ် က

..

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့လူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ဟာ ဇွန်လ (၈)ရက်နေ့ မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံလိုက်ရပါတယ်..။

ကိုမာန်ဇာမြေမွန်ကတော့ ပြီးခဲ့တဲ့ ဧပြီလ (၁၇) ရက်က ပုဒ်မ ၅ဝ၅ (က) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး သူတိမ်းရှောင်နေတဲ့ ချောင်းဦးနယ်ဘက်က ကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်..။

Photo Credit
Photo Credit

စစ်ကောင်စီတပ်တွေက ကိုမာန်ဇာမြေမွန်ကို ဖမ်းဆီးဖို့ ပြီးခဲ့တဲ့ မတ်လကစပြီး ချောင်းဦးမြို့က သူ့နေအိမ်နဲ့ ဆွေမျိုးအိမ်တွေမှာ အကြိမ်ကြိမ် လာရောက်ရှာဖွေခဲ့ပေမယ့် ဖမ်းမမိခဲ့ဘဲ ဇွန်လ (၈)ရက်နေ့ မနက်အစောပိုင်းက တိမ်းရှောင်နေတဲ့ ကျေးရွာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်..။

ကိုမာန်ဇာမြေမွန်ဟာ အပြင်ရောက်ရှိနေတုန်း ရှမ်းထူးကျေးရွာမှာ ရဲတပ်ဖွဲ့မြင်လို့ ပြန်လှည့်ရာကနေ လဲကျသွားပြီး ပြန်ပြေးတဲ့အချိန်မှာ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာပါ..။

Photo Credit
Photo Credit

မနက်(၆)နာရီလောက်မှာ မိသားစုတွေနဲ့ အဆက်သွယ်ရသေးပေမယ့် အပြင်ထွက်တုန်း ဖမ်းခံလိုက်ရတာဖြစ်ပြီး သူနဲ့အတူ ကောင်လေး၂ယောက်လည်း ဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်..။

မိသားစုတွေအနေနဲ့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံလိုက်ရပြီး ပေါင်မှာဒဏ်ရာရရှိခဲ့တဲ့ ကိုမာန်ဇာမြေမွန်အတွက် လက်ရှိမှာ အသက်အန္တရာယ်ကို တော်တော်လေး စိုးရိမ်နေကြပါတယ်..။

Photo credit
Photo credit
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T