ဖမ်းဆီးမှုများရှိသောလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး မန္တလေး မဟာမိတ်တပ်ပေါင်းစု ဆက်လက်ချီတက် ဆန္ဒပြ

//s9.kh1.co/30/3088472a891831808a92a5f6cf88b46cedee3a22.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၄ နှစ် က

.

အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို စစ်ကောင်စီအနေနဲ့ လိုက်လံဖမ်းဆီးကာ ပစ်ခတ်မှုတွေရှိနေပေမယ့် နေရာ ဒေသအချို့မှာတော့ ယနေ့ချိန်ထိ အမ‌ျိုးမျိုးသော ဆန္ဒပြမှုများ ရှိနေပါတယ်။ ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်ကြောင့် အသက်ဆုံးရှုံးမှုများပြားစွာရှိသလို ကျောင်းသားလူငယ်များလည်းပဲ ဖမ်းဆီးခံထားရမှုတွေ များစွာရှိပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

အာဏာရှင်စနစ်ကျရှုံးဖို့အတွက် လက်ရှိမှာဆိုရင်လည်း လူငယ်မ‌ျားဟာ တောတောင်တွေမှာ စခန်း၀င်လေ့ကျင်ကြသလို ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေများစွာ ဖွဲ့စည်းလာတာကိုလည်း တွေ့ရှိကြရမှာပါ။ ယနေ့မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးမဟာမိတ်သပိတ်စစ်ကြောင်းသည် ဖမ်းဆီးပစ်ခတ်မှုတွေရှိနေတာကို သိပေမယ့် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader

ဆန္ဒပြပွဲမှာတော့ ပုံထဲမှာဖော်ပြထားတဲ့အတိုင်း ကျောင်းသားကျောင်းသူများအပြင် များစွာသော ပြည်သူတွေလည်း အတူတကွပါ၀င်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြုလုပ်ခဲ့ကြတာ တွေ့ရှိကြရမှာဖြစ်ပါတယ်။ ပြည်သူတွေဘေးကင်းဖို့ဆုတောင်းရင်း မန္တလေး မဟာမိတ်သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြတဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source & Photo Credit - Orginal Uploader

Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Photo Credit-Orginal Uploader
Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T