လူသူအရောက်နည်းပါးတဲ့ တောထဲမှာ အလှူရှင်တွေလာရောက် လှူဒါန်းခြင်းမရှိလို့ ခက်ခက်ခဲခဲ နေထိုင်စားသောက်နေရတဲ့ ကယားစစ်ရှောင်ပြည်သူတချို့ရဲ့ ဗီဒီယို

//s9.kh1.co/bb/bb9b938a2631aaffbb3d86102ce35051e66d2463.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

.

ကယားပြည်နယ်ဟာ အရင်က အေးချမ်းတဲ့ နေရာသေဒလေး ဖြစ်လာခဲ့ပေမယ့် လက်ရှိ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာ ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဒီးမော့ဆိုမြို့က ကျေးရွာတချို့တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအကြား ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပါတယ်။ နှစ်ဘက်တပ်တွေ အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူများဟာ နေအိမ်၊ ကျေးရွာတွေကို စွန့်ခွာပြီး အနီးအနာရှိ ကျေးရွာတွေနဲ့ လူသူအရောက်နည်းပါးတဲ့ တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page

တောထဲကို ထွက်ပြေးလာတဲ့ စစ်ရှောင်ပြည်သူများဟာ တာလပတ်လေးတွေနဲ့ ကာမိုးထားတဲ့ တဲအိမ်လေးတွေထဲမှာ ခက်ခက်ခဲခဲ ဖြစ်သလိုနေထိုင်နေရတာကိုလည်း တွေ့မြင်ရပါတယ်။ စစ်ရှောင်အများစုမှာ ကလေးသူငယ်တွေ နဲ့ အသက်ရွယ် ကြီးသူတွေပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် သူတို့အတွက် စားသောက်စရာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေပေမယ့် တောထဲကို လူသူအရောက်ပေါက်နည်းတာကြောင့် အလှူရှင်တွေ လာရောက်လှူဒါန်းပေးခြင်း မရှိဘူးလို့လည်း သိရပါတယ်။

Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page
Photo Credit - Ashin Thihanyana fb page

တောင်ကုန်း တောင်တန်တွေပေါများတဲ့ နေရာဒေသဖြစ်တာကြောင့် သောက်သုံးရေရရှိဖို့ကလည်း အလွန်ခက်ခဲလှပါတယ်။ မိုးရာသီကာလလေးလည်းဖြစ်တာကြောင့် တာလပတ်လေးတွေနဲ့ခံနေရသလို့ မြေနေရာအနိမ့်ပိုင်းမှာ မိုးရွာသွန်းပြီး တင်ကျန်ခဲ့တဲ့ မိုးရေတွေကိုလည်း ခပ်ယူသောက်သုံးနေရတာကို တွေ့ရပါတယ်။ ယခုလို ကယားပြည်နယ်က စစ်ရှောင်ပြည်သူတွေရဲ့ ခက်ခက်ခဲခဲနေထိုင်နေရတဲ့ မြင်ကွင်းကတော့ စိတ်မကောင်းဖြစ်ရပါတယ်။

https://s9.kh1.co/__image/w=600,h=308,q=100/c4/c4921095a48e8a9bcb4ed420f41ab562c9b91b33.jpg

(ဗီဒီယို ကြည့်ရန်အတွက် အောက်ပါ link ကို ပုံထဲက အတိုင်း Select ပေးပြီး Facebook (သို့မဟုတ်) Browser ဆိုတဲ့စကားလုံးကို နှိပ်၍ ကြည့်ရှု့နိုင်ပါသည်)

https://www.facebook.com/watch/?v=573324027389214

https://www.facebook.com/shweparamicentre/videos/120503303491084/

သတင်း အရင်းအမြစ် VideoCredit & Source - Ashin Thihanyana fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T