ဂျပန်နိုင်ငံက UNသံရုံးရှေ့သွားရောက်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုပြင်းထန်စွာ ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း

//s9.kh1.co/de/de268ab5e770e2d17519f9ed36329be944aee249.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၄ နှစ် က

ဂျပန်နိုင်ငံက UNသံရုံးရှေ့သွားရောက်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုပြင်းထန်စွာ ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း

အာဏာသိမ်းလိုက်တဲ့ နေ့ရက်တွေမှစပြီး ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူတွေဟာ အာဏာရှင်အလိုမရှိတဲ့ ဆန္ဒပြပွဲတွေပြုလုပ်ခဲ့သလို ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေဟာလည်း သံရုံးတွေဆီသွားရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကတော့ CDMမလုပ်တဲ့သံရုံးဝန်းထမ်းတွေကို CDMလုပ်ကြဖို့သွားရောက်ဆန္ဒပြမှုတွေရှိခဲ့သလို CDMလုပ်နေတဲ့ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေကိုလည်း ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့ကြပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ဂျပန်ရောက်မြန်မာတွေနဲ့ တောင်ကိုးရီယားရောက်မြန်မာတွေကတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မကြာခဏဆန္ဒထုတ်ဖော်လေ့ရှိကြပါတယ်။ဂျပန်ရောက်မြန်မာတွေကတော့ ဂျပန်နိုင်ငံသားတွေအနေနဲ့ မြန်မာ့အရေးကို ပိုမိုစိတ်ဝင်စားလာစေဖို့ ကြိုးစားနေကြပါတယ်။ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN-Japanကတော့ ယနေ့ဇွန်လ(၉)ရက်နေ့မှာ ဂျပန်နိုင်ငံက UNသံရုံးရှေ့သွားရောက်ပြီး စစ်ကောင်စီရဲ့လုပ်ရပ်တွေကိုပြင်းထန်စွာ ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN-Japanက အာဏာသိမ်း စစ်အုပ်စုမှ အပြစ်မဲ့ ပြည်သူများအပေါ် ညှင်းဆဲ ဖမ်းဆီးသတ်ဖြတ်နေမူများနှင့် ကချင် ~ ကယား ~ ကရင် ~ ချင်း ပြည်နယ်များမှ ကျေးရွာများကိုလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း လုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချတာကြောင့် အခုလို UNသံရုံးရှေ့မှာ ဆန္ဒပြရခြင်းဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။ဂျပန်နိုင်ငံက UNသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်နေကြတဲ့ ဂျပန်ရောက်မြန်မာတွေရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source - Original Upload

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T