သူသံယောဇဥ်အရှိဆုံးလူရဲ့ စျာပနအခမ်းအနားကို ရောက်အောင်လာပြီး နှုတ်ဆက်ခဲ့တဲ့ ဆင်ကြီး Brahmadathan

//s9.kh1.co/e8/e8fe8c6eb2759b02b1ec475067f374ad28ab59a1.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

လူသားတွေနဲ့ တိရိစ္ဆာန်တွေကြားက သံယောဇဥ်ကြိုးဟာ မျက်စိနဲ့မမြင်နိုင်ပေမယ့် တော်တော်လေး ကြီးမားကြပါတယ်။

အဲ့ဒီလိုပဲ Brahmadathan လို့ခေါ်တဲ့ ဆင်ကြီးဟာ ၁၅ မိုင်ခရီးကို နှင်လာခဲ့ပြီး သူအရမ်းသံယောဇဥ်ရှိတဲ့ သူငယ်ချင်းရဲ့ စျာပန အခမ်းအနားကို ရောက်အောင်လာခဲ့ပါတယ်။

ဒီဆင်ကြီးရဲ့ သူငယ်ချင်းကတော့ အိန္ဒိယနိုင်ငံက Omanchetan ဆိုသူ အမျိုးသားဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်းသက်တမ်းဟာ ၂၅ နှစ်လောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=615,h=476,q=100/87/8794572e3a1980657c5b391d6db28e9c497bab44.jpg

ဒီဆင်ကြီးနဲ့ Omanchetan တို့ဟာ နေ့တိုင်းအတူတကွ ဖြတ်သန်းခဲ့ကြပြီး Omanchetan က အရင်နှုတ်ဆက်ထွက်ခွာ သွားခဲ့တဲ့အတွက် ဆင်ကြီးက တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့ရပါတယ်။

ဒါ့ကြောင့်ပဲ ဒီဆင်ကြီးဟာ သူ့ရဲ့ဘော်ဒါကြီး Omanchetan ကိုနောက်ဆုံးနှုတ်ဆက်ဖို့အတွက် စျာပနအခမ်းအနားကို ၁၅ မိုင်လောက်ခရီးနှင်ပြီး ရောက်အောင်လာခဲ့တာပဲ ဖြစ်ရပါတယ်။

https://s9.kh1.co/__image/w=615,h=476,q=100/c4/c46cc7c82f2be88ed8d7907dc55beef113fb59dd.jpg

ဆင်ကြီးဟာ သူ့ရဲ့သူငယ်ချင်း Omanchetan ရဲ့ စျာပန အခမ်းအနားကို ရောက်လာထဲက ဝမ်းနည်းနေတဲ့ပုံစံ ဖြစ်နေပြီး Omanchetan ရဲ့အလောင်းကို နောက်ဆုံး အလေးပြုပြီး စျာပနအခမ်းအနားကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာလည်း ခြေလှမ်းတွေက အရင်လို သွက်သွက်လက်လက် မရှိတော့ပါဘူး။

နောက်ထပ်စိတ်မကောင်းဖြစ်စရာတစ်ခုက Omanchetan ဟာလည်း သူ့ရဲ့နောက်ဆုံးဆန္ဒအနေနဲ့ ဆင်ကြီး Brahmadathan ကိုမြင်ချင်ခဲ့တာဆိုပေမယ့် တွေ့ခွင့်မရခဲ့ကြပါဘူး။  ဒီအဖြစ်အပျက်ဟာ ကိုယ်အချစ်ဆုံး သံယောဇဥ်အရှိဆုံး လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က တော်တော်လေး ကြေကွဲစရာကောင်းတယ်ဆိုတာကို ဆင်ကြီး Brahmadathan ကဖော်ထုတ်ပြသခဲ့သလိုပါပဲ။

https://s9.kh1.co/__image/w=615,h=476,q=100/34/34d2ced0c34ccffdb1acec8e80f2d8d956adb68f.jpg
https://s9.kh1.co/__image/w=615,h=363,q=100/8e/8e19520af622a48a73bdb3f6544d7805ddeffa48.jpg

သတင်း အရင်းအမြစ်The Mirror

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T