လက်ရှိအခြေအနေမှာတော့ ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ကြိုးစားပေးရင်း အသက်ပေးသွားရတဲ့ သူရဲကောင်းတွေကိုပြည်သူလူထုကလည်း ရင်ထဲမှာအမြဲသတိရနေကြတာဖြစ်ပါတယ်။ဒီနေ့အချိန်ထိဆိုရင် ကျဆုံးသူရဲကောင်း အယောက် (၈၀၀) ကျော်ရှိနေပြီဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေလည်း မျက်ရည်မခြောက်ကြသေးတာဖြစ်ပါတယ်။သူရဲကောင်းတစ်ယောက် ကျဆုံးသွားတိုင်း ပြည်သူတွေလည်း ရင်ကွဲရပြီး ဖြည်မဆည်နိုင်အောင်ဝမ်းနည်းကြရတာဖြစ်ပါတယ်။



ဇွန်လ (၆)ရက်နေ့၊မွန်းလွဲ (၂)နာရီကဆိုရင်လည်း မိတ္ထီလာမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဦးခေါင်းပွင့်ပြီးအသက်ပေးသွားခဲ့ရတဲ့ ကိုစိုးရန်နိုင်ကို ဒီနေ့ သင်္ဂြိုလ်ခဲ့တာပဲဖြစ်ပါတယ်။ကိုစိုးရန်နိုင်က ပရဟိတစိတ်ဓာတ်လည်းအပြည့်ရှိပြီး အရမ်းသဘောကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ကိုစိုးရန်နိုင်ရဲ့ သူငယ်ချင်းမိတ်ဆွေတွေကလည်း သူ့ရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးကြတဲ့အပြင် dead body ကိုကြည့်ပြီး ရင်ကွဲနေကြရတာဖြစ်ပါတယ်။



သူရဲကောင်းကိုစိုးရန်နိုင်ရဲ့ စျာပနာပုံရိပ်တွေကို ပြည်သူတွေကလည်းတွေ့မြင်ပြီး ကျန်ရစ်သူမိသားစုနဲ့ထပ်တူဝမ်းနည်းကြေကွဲနေကြတာဖြစ်ပါတယ်။ဒီအခြေအနေမှာ ပညာတတ်လူငယ်တွေများစွာ အသက်ပေးနေရတာဖြစ်လို့ မိမိတို့ရဲ့ သားသမီးတွေကို အပြီးတိုင်ဆုံးရှုံးလိုက်ရတဲ့ မိဘတွေအနေနဲ့လည်း ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ရင်း အသက်ပေးသွားခဲ့ရတဲ့ သူရဲကောင်းကိုစိုးရန်နိုင်ရဲ့နောက်ဆုံးခရီးမြင်ကွင်းတချို့ကို ဝမ်းနည်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။



Source&Photo Credit: Original Uploder