အင်းလျားလမ်းကားတိုက်မှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ မိဘနှစ်ပါးရဲ့အဖြစ်ကိုကြည့်ပြီး တရားခံကို ခွင့်လွှတ်ကျေအေးပေးမှာ မဟုတ်ကြောင်းပြောလာတဲ့ကောင်လေး

//s9.kh1.co/a7/a7d58c2a7c6a598b2a761dc5ee5a3d5d99821456.jpg
နေ့စဉ်သတင်းများ

 ၀၉-ဇွန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၄ နှစ် က

အင်းလျားလမ်းကားတိုက်မှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ မိဘနှစ်ပါးရဲ့အဖြစ်ကိုကြည့်ပြီး တရားခံကို ခွင့်လွှတ်ကျေအေးပေးမှာ မဟုတ်ကြောင်းပြောလာတဲ့ကောင်လေး

ပြီးခဲ့တဲ့ဇွန်လ (၇) ရက်နေ့ညက ရန်ကုန်မြို့၊ အင်းလျားလမ်းမှာ ယာဥ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ မီးပွိုင့်စိမ်းတာကြောင့် လမ်းမှန်အတိုင်း မောင်းနှင်လာတဲ့ Taxi ကားကို တစ်ဖက်ကားတစ်စီးက အလယ်ကနေ ဖြတ်တိုက်သွားခဲ့တာ ဖြစ်ပါတယ် ။ ဒီဖြစ်စဥ်မှာတော့ ယာဥ်ပေါ်မှာပါလာတဲ့ Taxi ယာဥ်မောင်း လင်မယားနှစ်ယောက်နဲ့ အလှမယ် မေသစ္စာမောင်အပါအဝင် လူသုံးဦးသေဆုံးသွားခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပြည်သူတွေကတော့ Taxi ယာဥ်မောင်း လင်မယားနှစ်ယောက်အတွက် ဝမ်းနည်းခံစားရသလို မိဘမဲ့ဖြစ်သွားရှာပြီဖြစ်တဲ့ သူတို့ရဲ့သားလေးအတွက်လည်း စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။ ယနေ့ ဇွန်လ (၉) ရက်နေ့၊ နေ့လည် (၂)နာရီခန့်မှာတော့ Taxi ယာဥ်မောင်းဦးလေးကြီးနဲ့ ဇနီးဖြစ်သူတို့ရဲ့ရုပ်အလောင်းတွေကို ထိန်ပင်သုဿာန်မှာ မီးသင်္ဂြိုဟ်မှာပဲ ဖြစ်ပါတယ် ။ အခုလည်း သူတို့ရဲ့သားလေးက မိဘနှစ်ပါးရဲ့နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်နေတဲ့ မြင်ကွင်းပုံရိပ်တွေကို မျှဝေထားတာ တွေ့ရပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နေ့ချင်းညချင်းဆိုသလို မိဘနှစ်ပါးလုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတဲ့ ကောင်လေးရဲ့ရင်ထဲမှာတော့ ဖြေမဆည်နိုင်အောင် ဝမ်းနည်းပူဆွေးနေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကောင်လေးက သူ့ရဲ့မိဘနှစ်ပါးကို ကားနဲ့တိုက်ခဲ့တဲ့ တရားခံကို အပြစ်ဝန်ခံဖို့နဲ့ ဥပ​ဒေကို မျက်ကွယ်ပြုတာမျိုးမလုပ်ဖို့ ကောင်းကောင်းမွန်မွန် တောင်းဆိုထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် "ကျွန်တော့်အဖေနဲ့အမေခုလိုသေရတဲ့အတွက် ခင်ဗျားမှာ အပြစ်ရှိတယ်ဆိုတာလည်း လက်ခံပါ ကျွန်တော့်မိဘတွေကို ခုလို ဒဏ်ရာတွေနဲ့လုပ်လိုက်တဲ့ ခင်ဗျားကို ကျွန်တော့်အနေနဲ့ ကျေအေးပေးမှာမဟုတ်သလို ခွင့်လွှတ်ပေးမှာလည်းမဟုတ်ဘူး" ဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T