ယနေ့မနက်(၂)နာရီခန့်အချိန်မှာရုတ်တရက် အရှိန်အဟုန်ပြင်းစွာနဲ့လောင်ကျွမ်းခဲ့တဲ့ နောင်ချိုမြို့မဈေးကြီးရဲ့မြင်ကွင်းပုံရိပ်များ

//s9.kh1.co/c8/c8300ee8653712631c11b75ce4e623f0efcdffd1.jpg
နေ့စဉ်သတင်းများ

 ၀၈-ဇွန်-၂၀၂၁ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

လတ်တလောမှာ မီးလောင်ကျွမ်းမှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေမကြာခဏဖြစ်နေတာကြောင့် ပြည်သူတွေလည်းကြောက်လန့်နေကြရတာဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုအများစုမှာဈေးတွေနဲ့ အုပ်ချုပ်ရေးမှူးရုံးတွေဖြစ်ပြီး အသက်သေဆုံးရတဲ့အဖြစ်တွေနဲ့လည်းကြုံတွေ့နေကြရပါတယ်။ ယနေ့ ဇွန်လ(၈)ရက်နေ့ မနက် (၁)နာရီ (၅၀)မိနစ်ခန့်အချိန်မှာလည်း ရှမ်းပြည်နယ်၊နောင်ချိုမြို့ရှိ မြို့မဈေးကြီးမီးလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းအတော်များများလည်းပျက်စီးဆုံးရှုံးသွားခဲ့ပြီး ဈေးသူဈေးသားတွေအနေနဲ့ ဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။ ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ အချိန်မှာရုတ်တရတ်လောင်ကျွမ်းခဲ့တဲ့အတွက် ရှို့မီးဖြစ်နိုင်ကြောင်းဒေသခံတွေက လူမှုကွန်ယက်စာမျက်နှာတွေမှာရေးသားထားတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အခုလိုနိုင်ငံရေးမတည်မငြိမ်ဖြစ်နေကာ ကုန်ဈေးနှုန်းတွေလည်းတက်လာနေပြီး စား၀တ်နေရေးကြပ်တည်းနေချိန်မှာ အခုလိုပြည်သူတွေရဲ့အိုးအိမ်ဥစ္စာတွေပါဆုံးရှုံးနေရခြင်းက ပြည်သူတွေအတွက်တော့ ဒုက္ခပင်လယ်ဝေရတဲ့ အခြေအနေတွေပဲဖြစ်ပါတယ်။ အခုလိုမြန်မာပြည်သူတွေကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေအမြန်ဆုံး ချုပ်ငြိမ်းပြီးအေးချမ်းသာယာတဲ့နေ့ရက်တွေဆီအမြန်ဆုံးရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်.......။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ် Myanmarload

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T