မိသားစုက တားနေတဲ့ကြားကနေ တိုင်းပြည်အရေးအတွက် ပါဝင်ကူညီပေးခဲ့လို့ မိခင်နဲ့အစ်ကိုဖြစ်သူတို့ရဲ့စွန့်လွှတ်ခြင်းခံလိုက်ရတဲ့ လူငယ်တစ်ဦး

//s9.kh1.co/85/853c888768d6cbaebb75743f1d2e954e4f9e1af6.jpg
နေ့စဉ်သတင်းများ

 ၁၅-မေ-၂၀၂၁ ၁pm · လွန်ခဲ့သော ၃ နှစ် က

မိသားစုက တားနေတဲ့ကြားကနေ တိုင်းပြည်အရေးအတွက် ပါဝင်ကူညီပေးခဲ့လို့ မိခင်နဲ့အစ်ကိုဖြစ်သူတို့ရဲ့စွန့်လွှတ်ခြင်းခံလိုက်ရတဲ့ လူငယ်တစ်ဦး

ဒီကာလမှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကတော့ အများကြီး ပေးဆပ်ခဲ့ရသလို စွန့်လွှတ်အနစ်နာခံရမှန်းသိရက်နဲ့တောင် နောက်မဆုတ်ဘဲ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည်ခဲ့တဲ့ လူငယ်တစ်ဦးက မိခင်နဲ့ အစ်ကိုဖြစ်သူတို့ရဲ့ စွန့်လွှတ်ခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ် ။ သူကတော့ ကနီမြို့မှာ နေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်ပြီး (၂၀၁၅) ခုနှစ်ကတည်းက နိုင်ငံ့အရေး၊လူမှုရေးတွေမှာ တစ်တပ်တစ်အားပါဝင်ကူညီခဲ့တာကြောင့် မိသားစုနဲ့ အဆင်မပြေဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

လက်ရှိမှာဆိုရင်လည်း သူက လူထုလှုပ်ရှားမှုပွဲတွေမှာ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်နေတာကို မိခင်ဖြစ်သူနဲ့ အစ်ကိုတို့က အမျိုးမျိုးတားမြစ်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း သူကလုံးဝလက်မခံဘဲ ကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် အစွမ်းကုန်ကြိုးစားပေးနေတာကြောင့် မိသားစုကနေ "သားသမီးအဖြစ်မှ ၊ ညီအဖြစ်မှ စွန့်လွှတ်ကြောင်း၊ အိမ်နှင့်လုံးဝမပက်သက်တော့ကြောင်း" ဖုန်းဆက်ပြီး ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit -Original Uploader
Photo Credit -Original Uploader

ကိုယ်ယုံကြည်ရာလမ်းကို ဆက်လက်လျှောက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အဲ့ဒီလူငယ်လေးကတော့ မိခင်နဲ့အစ်ကိုဖြစ်သူတို့ရဲ့ဆုံးဖြတ်ချက်ကို ကြည်ကြည်ဖြူဖြူ လက်ခံခဲ့တာပဲ ဖြစ်ပါတယ် ။ သူကတော့မိသားစုရဲ့စွန့်လွှတ်ခြင်းခံလိုက်ရတာထက် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ရည်မှန်းချက် အကောင်အထည်ဖော်ဖို့အရေးကိုသာ အရေးကြီးတယ်လို့ ခံယူခဲ့တာပဲ ဖြစ်ပါတယ် ။ အကူအညီလိုချင်လို့၊ အသနားခံချင်လို့ အခုလို ပြောပြရတာမဟုတ်ကြောင်းကိုလည်း သူက ဖြေရှင်းထားပါသေးတယ်။ ပြည်သူတွေကတော့ သူ့ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်ကို လေးစားချီးကျူးနေကြတာပဲဖြစ်ပါတယ် ။

Source & Photo Credit -Original Uploader

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T