အခက်အခဲတွေကို မမှုဘဲ သူတို့ရဲ့ ပြင်းထန်တဲ့ ယုံကြည်ချက်တွေကို ရဲရဲဝင့်ဝင့် ပြသခဲ့တဲ့ လူငယ်များ

//s9.kh1.co/c9/c99e96eabd1fcdc6c559fdbc529f805f366830b4.jpeg
နေ့စဉ်သတင်းများ

 ၁၄-မေ-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

....

ပြည်တွင်းပြည်ပ နေရာအသီးသီးမှာနေထိုင်ကြတဲ့ မြန်မာလူမျိုး တစ်ယောက်စီတိုင်းရဲ့ စည်းလုံးညီညွတ်မှုတွေ တတ်ကြွနေမှုတွေကြောင့် ဒီလူထုလှုပ်ရှားမှုကြီးကတော့ ယနေ့ထိ အရှိန်အဟုန်ကောင်းနေဆဲပါ ။ ဒီလို ဆန္ဒထုတ်ဖော်ရာမှာလည်း ကျဆုံးသူတွေ တဖြည်းဖြည်းနဲ့ များပြားလာပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့သူတွေ အမြောက်အမြားရှိနေခဲ့ပါတယ် ။ အားလုံးကလည်း ခိုင်မာတဲ့ ယုံကြည်ချက်တွေကြောင့် ဘယ်လိုအခက်အခဲတွေပဲ ကြုံနေပါစေ နောက်မဆုတ်ဘဲ အသက်ကိုပေးကာ လှုပ်ရှားပါဝင်နေကြတာပါ။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

မျိုးဆက်သစ် လူငယ်တွေကလည်း ဇာတိသွေး၊ဇာတိမာန်ပြည့်ဝပြီး အများအကျိုးအတွက် စွန့်လွှတ်အနစ်နာခံရဲတဲ့ စိတ်လည်း အပြည့်ရှိတာကိုတွေ့ရပါတယ်။အခုဆိုရင် မြို့တိုင်းလိုလိုက လူငယ်တွေဟာ သပိတ်စစ်ကြောင်းမျိုးစုံနဲ့ လမ်းမတွေပေါ်မှာ ပြန်လည်လှုပ်ရှားလာကြတာကိုတွေ့မြင်ရပါတယ်။ရန်ကုန်တိုင်း ဒေသကြီးမှာဆိုရင်လည်း နေ့ရက်တိုင်းလိုလို နေရာအသီးသီးက လူငယ်တွေ စုပေါင်းကာ လှုပ်ရှားမှုတွေကို အင်တိုက်အားတိုက် ပြုလုပ်လျက်ရှိပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ယနေ့ မေလ ( ၁၄) ရက်နေ့ မနက်အစောပိုင်းမှာလည်း ကမာရွတ်မြို့နယ်က လူငယ်ပေါင်းစုံ စုပေါင်းပြီး ကိုယ်စီ ဆိုင်းဘုတ်များ ကိုင်ဆောင်ရင်း လမ်းလျှောက်သပိတ်ကို ချီတက် လှုပ်ရှားခဲ့ကြပါတယ်။ ယုံကြည်ချက်တွေ ပြင်းထန်နေတဲ့ လူငယ်လေးတွေကတော့ ဘယ်တော့မှ သွေးမအေးသွားကြောင်းကို အခက်အခဲတွေကြားကနေ လှုပ်ရှားရင်း သူတို့ရဲ့ ဆန္ဒတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် ရန်ကုန်က လူငယ်လေးတွေရဲ့ သပိတ်ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader<br>
Photo Credit -Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T