ဖြိုခွင်းမှုတွေကြားကနေပဲ နယ်ပယ်အသီးသီးက ပြည်သူများစုပေါင်းကာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ထားဝယ်မြို့နယ်က သပိတ်စစ်ကြောင်း

//s9.kh1.co/a5/a5e9c71c8c7e717eef65478681112dc1941966e3.jpg
နေ့စဉ်သတင်းများ

 ၁၂-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ပြည်သူလူထုကြီးကတော့ နေ့စဉ်မပြတ် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်နေကြတာ ဖြစ်ပြီး နည်းလမ်းမျိုးစုံ အသုံးပြုကာ လက်ရှိအခြေအနေကို ရင်ဆိုင် ဖြတ်ကျော် နေကြတာ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် မျိုးဆက်သစ်လူငယ်တွေက ရှေ့ဆုံးကနေ ဦးဆောင်ကာ တက်တက်ကြွကြနဲ့ ပါဝင်ဆောင်ရွက်နေကြတာကိုလည်း တွေ့ရပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတွေရဲ့ စုစည်း ညီညွှတ်မှုက အံ့မခန်းပါ......။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ပြည်သူတွေ အားလုံးက အခက်အခဲတွေ ဘယ်လိုပဲ ရှိနေပါစေ ရှေ့ဆက်ကာ အန္တရယ်တွေကြားထဲကနေ ရဲစွမ်းသတ္တိအပြည့်နဲ့ ပြောက် ကျားသပိတ်တွေကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ပြည်သူတစ်ချို့ကလည်း လိုအပ်သမျှကို ကူညီလှူဒါန်းနေတာ​ကြောင့် ဆန္ဒထုတ်ဖော်နေကြတဲ့ လူငယ်တွေအတွက် အားဖြစ်စေမှာ အမှန်ပါပဲ....။ဒီနေ့မှာဆိုရင်တော့ ထားဝယ်မြို့နယ်က ပြည်သူများ စုပေါင်းကာ မိမိတို့မှာရှိတဲ့ ခွန်အားတွေကို အသုံးပြုပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာ ပဲဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ယနေ့ ထားဝယ်မြို့နယ်က သပိတ်စစ်ကြောင်းတွင် "အင် ဂျင်နီယာများစစ်ကြောင်း၊ပညာရေးစစ်ကြောင်း၊LGBT များ၊ တက္ကသိုလ်ကျောင်း သား၊ကျောင်းသူများ နှင့်ပြည်သူများက ပူး ပေါင်းတော်လှန်ခဲ့ကြတဲ့ မြင်ကွင်းတွေကို ပရိသတ်တွေ အတွက် မျှဝေပေးလိုက်ပါတယ်။ပြည်သူလူထုက စိတ်ဓာတ်ခွန်အား အပြည့်နဲ့ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြတဲ့ ထားဝယ်မြို့က သူရဲကောင်းတွေရဲ့ ပုံရိပ်တွေ ပဲဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T