စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကျောင်းသားကျောင်းသူများ စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းများ

//s9.kh1.co/0c/0cb24004f99035d97285ae7527d9e2a789a57895.jpg
နေ့စဉ်သတင်းများ

 ၁၀-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာ ပြည်သူပြည်သားများ အားလုံးကတော့ ဖေဖော် ဝါရီလ (၁)ရက်နေ့ကတည်းကနေ ယနေ့အချိန်ထိတိုင်အောင် ပူပင်သောကတွေရောက် နေကြရတာ ဖြစ်ပါတယ်။လက်ရှိ အခြေအနေကြီးက သုံးလကျော်သွားပေမယ့်လည်း ပြည်သူ လူထုကတော့ အားမာန်အပြည့်နဲ့ ဆက်လက်ချီတက်နေကြဆဲ ဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ တိုင်းရင်းသားပေါင်းစုံက ပြည်သူတွေက စည်းလုံးညီညွှတ်စွာ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

လတ်တလောမှာဆိုရင် လူထုလှုပ်ရှားမှုကြီးက ပြန်လည်အားကောင်းလာကာ မြို့နယ်အသီးသီးက သာမက ကျေးရွာများတွင်လည်း စုပေါင်းပြီး လှုပ်ရှားမှုပြုလုပ်လာကြတာ ဖြစ်ပါတယ်။မျိုးဆက်သစ် လူငယ်တွေကလည်း ဆန္ဒထုတ် ဖော်နိုင်မယ့် နည်းလမ်းတွေကို အမြဲတွေးခေါ်ကြံဆနေကြတာ ဖြစ်ပါတယ်။  ဒီနေ့ မေလ (၁၀) ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာစံပြကျေးရွာအုပ်၊ ကျေးရွာများစုပေါင်း၍ ကျောင်းသားကျောင်းသူများ ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ္။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

ပြည်သူတွေ အနေနဲ့လည်း အခုလိုမျိုး မလျော့သော ဇွဲ၊လုံလတွေနဲ့ ယုံကြည်တဲ့ ပန်းတိုင်ကို လူကြီး၊လူငယ်တွေ အပြင် ကလေးတွေပါ မကျန် ဆက်လက် ကြိုးစားနေကြတာကို လေးစားဖွယ်တွေ့ရပါတယ်။တိုင်းပြည်ရဲ့ အနာဂတ်အတွက် တာဝန်ကျေပွန်နေတဲ့ ကလေးတွေရဲ့ လူထုလှုပ်ရှားမှု ပုံရိပ်တွေကို ပြန်လည်မျှဝေပေးရင်း မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းပါတယ်??

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T