ခါးရိုးထဲပိုးဝင်လို့ ခွဲစိတ်ထားရပေမယ့်လည်း မသက်သာတဲ့အပြင် အဆုတ်မှာပါသွေးခဲနေတာကြောင့် အကူအညီလိုအပ်နေရှာတဲ့ ကောင်လေးတစ်ယောက်

//s9.kh1.co/22/22327ce2e8f53fd3d1b158de02838217e9f05657.jpg
နေ့စဉ်သတင်းများ

 ၀၇-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ခါးရိုးထဲပိုးဝင်လို့ ခွဲစိတ်ထားရပေမယ့်လည်း မသက်သာတဲ့အပြင် အဆုတ်မှာပါသွေးခဲနေတာကြောင့် အကူအညီလိုအပ်နေရှာတဲ့ ကောင်လေးတစ်ယောက်

ဒီကာလမှာတော့ ပြည်သူတွေအနေနဲ့ အခက်အခဲမျိုးစုံ၊ ဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နေရရှာတာပဲ ဖြစ်ပါတယ် ။ စားဝတ်နေရေး မပြေလည်မှုကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကလည်း နေရာတိုင်းမှာ ဒုနဲ့ဒေးဆိုသလို ရှိနေတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ပြည်သူတစ်ယောက်က သူ့သူငယ်ချင်းရဲ့အဖြစ်ကို ပြောပြပြီး လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အကူအညီတောင်းခံလာတာပဲ ဖြစ်ပါတယ် ။

Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc

အခုချိန်မှာ အားလုံးခက်ခဲနေမယ်ဆိုတာကို သိပေမယ့်လည်း သူ့သူငယ်ချင်းရဲ့ကျန်းမာရေးအခြေအနေက အတော်လေးကို ဆိုးရွားနေတာကြောင့် အခုလိုအကူအညီတောင်းရတာဖြစ်ကြောင်း အရင်ဆုံးပြောထားတာ ဖြစ်ပါတယ် ။ ပုံထဲက ကောင်လေးကတော့ ခါးနာတာကနေ ခါးရိုးထဲပိုးဝင်တာကြောင့် ခွဲစိတ်ထားရပေမယ့်လည်း အခုချိန်အထိ မသက်သာသေးတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အဲ့ဒီဒဏ်တွေကြောင့်ပဲ အဆုတ်မှာသွေးခဲပြီး oxygen ကျကာ အခြေအနေ အတော်လေး ဆိုးရွားနေတယ်လို့လည်း သိရပါတယ်။

Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc

အခုဆိုရင်တော့ အဲ့ဒီကောင်လေးက အဆုတ်မှာသွေးခဲနေတဲ့ဝေဒနာကြောင့် ဆေးရုံပြန်တက်နေရပြီး အကူအညီတွေ လိုအပ်နေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် သူငယ်ချင်းဖြစ်သူက ဒီကောင်လေးရဲ့လက်ရှိအခြေအနေကို ပြောပြပြီး တတ်နိုင်သလောက် လှူပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ် ။ ပြည်သူတွေအနေနဲ့လည်း ဒုက္ခရောက်နေတဲ့သူကို ကူညီဖေးမပေးလို့ရအောင် လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုပါ အောက်မှာဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Khant Shein Oo's FB Acc

Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc
Photo Credit-Khant Shein Oo's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T