လောကဓံရဲ့ရိုက်ချက်ကို အလူးအလဲခံနေရတဲ့ အဘနှစ်ယောက်အတွက် အလှူခံပေးလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/d5/d5e04a679a14b8a87ff11aa42b021513ae704a5a.png
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

..

အကျပ်အတည်းကာလတွေဖြစ်တာကြောင့် အခြေခံလူတန်းစားတွေဟာ အရင်ကထက်ပိုပြီး ခက်ခဲလာကြပါတယ်။ ပုံမှန်လည်ပတ်နေတဲ့လုပ်ငန်းတွေရပ်ဆိုင်းသွားတာနဲ့အမျှ ဆက်စပ်နေတဲ့ တခြားလုပ်ငန်းတွေလည်း တဖြည်းဖြည်းရပ်ဆိုင်းသွားမှာပါ။ ဒီနေ့မှာလည်း မန္တလေးမြို့ တစ်နေရာမှာ မောကြီးပန်းကြီးနဲ့ နားနေကြတဲ့ အသက်အရွယ်ကြီးရင့်သူ အဘနှစ်ယောက်ကို ကိုယ်တိုင်လည်းလှူသလို နောက်လူတွေလည်းလှူနိုင်အောင်လို့ လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့ပါတယ်။ ဒီလိုတင်ပေးသူတွေ များလာတာနဲ့အမျှ ဒုက္ခရောက်နေတဲ့ဘဝတွေကို အတိုင်းအတာတစ်ခုထိ အဆင်ပြေအောင် ပံ့ပိုးပေးနိုင်လာတာ ဝမ်းသာစရာပါ။

Photo Credit - Mg Hmu's FB Acc
Photo Credit - Mg Hmu's FB Acc

အဘနှစ်ယောက်ရဲ့ စိတ်မကောင်းစရာအဖြစ်အပျက်ကို " ကိုယ်တိုင်ပဲ တတ်နိုင်သမျှ လှူနေကြပါ ဒီတစ်ခါတော့ စိတ်ထဲမကောင်းလို့ အလှူခံချင်ပါတယ်ဗျာသွားလှူပေးဖို့ ပြောချင်တယ်❗️ ဒီနေ့ ကျွန်တော်အပြင်သွားရင်း သစ်ပင်အရိပ်မှာ ဆိုက်ကားရပ်ထားတဲ့ အဘကိုလှမ်းတွေ့လိုက်တယ် အဘဆီကိုသွားပြီး အဘရေ လှူလို့ရသလားဗျာဆိုတော့ အလှူငွေကိုလက်ခံပြီး ပြောလိုက်တဲ့ စကားက အဘဒါနဲ့ ဆန်ဝယ်ရမှာတဲ့ဗျာ အဘနာမည်က ဦးတင်လှိုင် (၆၄) နှစ် အမြဲတမ်း ရှိတတ်တဲ့နေရာက သိပ္ပံလမ်း (၆၈) လမ်းထိပ်နဲ့ (၆၈) ဘောလုံးကွင်း အရှေ့ဘက်မှာရှိတတ်တယ် တဲ့ ဖုန်းတော့မရှိဘူး မနက် (၁၁-၁၂) အထိ ရှိတတ်တယ်တဲ့❗️❗️❗️ " အနားနီးတဲ့သူတွေ သွားလှူပေးကြဖို့ မေတ္တာရပ်ခံပါတယ်နော်။

Photo Credit - Mg Hmu's FB Acc
Photo Credit - Mg Hmu's FB Acc
Photo Credit - Mg Hmu's FB Acc
Photo Credit - Mg Hmu's FB Acc

ဒုတိယအဘတစ်ယောက်အတွက်လည်း " စက်ဘီးကိုလမ်းဘေးရပ်ပြီး ရေဘူးထုတ်သောက် နေတာတွေတော့ အဘဆီသွားလှူရင်း အဘအကြောင်းလေးမေးစကားပြောဖြစ်တော့ (အဘက နားသိပ်မကြားတော့ပါ) အဘနာမည်က ဦးသန်းနွယ် အသက် (၈၀) တဲ့ အရင်နေတဲ့ အိမ်လေးက အဖျက်ခံလိုက်ရတယ်တဲ့ (ကျူးမှာနေတယ်နဲ့တူတယ်) နေတဲ့နေရာတော့ မေးလို့မရဘူး (မပြောပြတတ်တာအဘက ချမ်းမြသာစည်လို့တော့ပြောတယ်) (၆၈) ဘောလုံးကွင်း အရှေ့ဘက်နားမှာ အမြဲရှိတယ်တဲ့ စက်ဘီးနောက်ကအိတ်လေးထဲမှာ မုန့်တွေနဲ့ စက်ဘီးလက်ကိုင်မှာ ရေနွေးဓါတ်ဘူးလေးချိတ်ထားတာတော့တွ့တယ်ဗျာ လှူချင်တဲ့ သူရှိရင် သွားလှူလို့ရပါတယ် တကယ်လို့လှူပေးဆို ကျွန်တော်သွားလှူပေးပါမယ်ဗျာ စနေနေ့သွားလှူပေးပါမယ်အလှူငွေများအောင် စောင့်ရင်းပေါ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ?????? " ဆိုပြီးပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - Mg Hmu's FB Acc
Photo Credit - Mg Hmu's FB Acc

သတင်း အရင်းအမြစ်Mg Hmu's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T