မေလ ၆ ရက်နေ့ twitter ပေါ်ပျံ့နှံ့လာတဲ့ မြန်မာ့ရေးရာ သတင်းများ

//s9.kh1.co/dc/dcad66d19474c2e46a2f4c4320619e6d261b897b.jpg
နေ့စဉ်သတင်းများ

 ၀၆-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ယနေ့ မေလ ၆ ရက်နေ့ twitter ပေါ်မှာတော့ မြန်မာတစ်နိုင်ငံလုံးမှာ ဆန္ဒထုတ်ဖော်နေတဲ့ သတင်းတွေနဲ့ ပုံတွေ ပျံ့နှံံ့နေတာကို တွေ့ရပါတယ်။

ရန်ကုန်မြို့အတွင်းမှာလည်း မနက်ပိုင်းမှာသာမက မွန်းလွဲပိုင်းမှာပါ ဆန္ဒထုတ်ဖော်နေတာတွေ့ရသလို အခြားသော မြို့တွေမှာလည်း အမျိုးမျိုးသော ပုံစံတွေနဲ့ ဆန္ဒထုတ်ဖော်နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=617,q=100/35/3551dddbf1cab72c3dc892646c29d29ecda5fbd1.jpg
https://s9.kh1.co/__image/w=650,h=464,q=100/f8/f82c120740d6b668ed3b0e924a62ea954f6bcaf3.jpg
https://s9.kh1.co/__image/w=650,h=628,q=100/0a/0af61db5a4a16cb1c3b1323a7c61532c035d9239.jpg

ဒါ့အပြင် စစ်ကျွန်ပညာရေးအောက်မှာ ပညာမသင်လိုတဲ့ လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ကချင်ပြည်နယ်မှာ အဖြူ၊ အစိမ်းကျောင်းဝတ်စုံတွေကို ဆေးအနီတွေမှုတ်ကာ ကျောင်းရှေ့မှာ ချိတ်ပြီး ဆန္ဒထုတ်ဖော်တဲ့ သတင်းလည်း ပျံ့နေတာကို တွေ့ရပါတယ်။

နောက်ထပ်အနေနဲ့ ဒီကနေ့ မနက်ပိုင်းလောက်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ အသက်မပြည့်သေးတဲ့ လူငယ်နှစ်ယောက် ဖမ်းဆီးခံရတဲ့ သတင်းတွေလည်း ပျံ့နေတာကို တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=658,q=100/d7/d7ab4957371bebc4a26bc1034d56211af34b93d0.jpg
https://s9.kh1.co/__image/w=650,h=355,q=100/57/573507795bdfa29e15f7e5782751f2c382fbd4c4.jpg
https://s9.kh1.co/__image/w=650,h=625,q=100/07/0713af98d473a853b04095f13390db53871edbb8.jpg

နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဒီကနေ့မှာ ထားဝယ် နည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းဦး အဖမ်းခံရတဲ့ သတင်းတွေလည်း ပျံ့နေတာကို တွေ့ရပါတယ်။

ကိုမျိုးမင်းဦးဟာ Dawei's Student Union ရဲ့ ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သလို ဇဗ္ဗူသီရိလူမှုကယ်ဆယ်ရေးအသင်းမှာ ပရဟိတလုပ်အားပေးနေစဥ်အတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=650,h=651,q=100/f8/f81f541c2b0b94d485b8de5453cfa4f95388b03b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/a8/a8275a60900ab0e6c2371dcd987e9a645f8f63ae.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T