ဖုန်း Screen ပေါ်မှာ မိမိတို့ခံစားချက်တွေကိုဖော်ပြရင်း ညသပိတ်ကို လှုပ်ရှားခဲ့ကြတဲ့ ပြည်သူများ

//s9.kh1.co/7f/7f2b01abeff596eb17331508e9e0b1770b7b22aa.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.......

ရန်ကုန်ဟာ နောက်ပိုင်းမှာဆိုရင် ဖိနှပ်ဖြိုခွင်းခံရတာတွေ ဖမ်းဆီးထိန်းသိမ်းခံရမှုတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။ဒါကြောင့် အရင်လို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူတွေလည်း လမ်းမတွေထက်မှာ နည်းပါးခဲ့တာကိုတွေ့မြင်ရပါတယ်။ဒါပေမယ့်လည်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ တတ်နိုင်သလောက်နည်းမျိုးစုံကို အသုံးချကာ ပြည်သူတွေကတော့ ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

လမ်းပေါ်ထွက်နိုင်သူတွေကလည်း အပြင်ထွက်ကာ ချီတက်ကြွေးကြော်ကြသလို တစ်ချို့ကလည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ လှုပ်ရှားနိုင်မယ့် Strike တွေကိုတီထွင်ကာ နေ့ရက်တိုင်း ဆန္ဒထုတ်ဖော်လျက်ရှိတာလည်းဖြစ်ပါတယ်။တစ်ချို့ကလည်း မြန်မာနိုင်ငံမှာဖြစ်ပျက်သမျှသတင်းတွေကို အချိန်နဲ့ တစ်ပြေးညီ နိုင်ငံခြားက သတင်းမီဒီယာတွေထိရောက်အောင် twitter စတဲ့ နေရာတွေမှာဖော်ပြလျက်ရှိပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader

မြန်မာနိုင်ငံရဲ့ နေရာဒေသအသီးသီးရှိ ပြည်သူတွေကတော့ ဒီနွေဦးတော်လှန်ရေးကြီးမှာ ရရာနေရာကနေပါဝင်နေကြတာပါ။မေလ (၃) ရက်နေ့ညပိုင်းမှာဆိုရင်လည်း ပဲခူးကလူငယ်တွေဟာ မိမိတို့ရဲ့ ရင်ထဲကခံစားချက်တွေကို ဖုန်း screen ပေါ်မှာဖော်ပြကာ Screen Campaign လေးကို လှုပ်ရှားခဲ့ကြတာတွေ့ရပါတယ်။ဒါ့အပြင် အရင်ရက်တွေမှာဆိုရင်လည်း လမ်းလျှောက်သပိတ် အလံမလိတ်ပဲခူးသပိတ်စတာတွေကိုလည်း လှုပ်ရှားလျက်ရှိပါတယ်။ပရိသတ်ကြီးအတွက် ပဲခူးမြို့က လူငယ်တွေစုပေါင်းပြီး ညပိုင်းမှာလှုပ်ရှားခဲ့ကြတဲ့ Screen Campaignပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Photo credit orginal uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T