ဗေဒင်ဝါသနာပါလို့ အဆင်ပြေရင်ဗေဒင်ဟောစားချင်ပါတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ဘဘကို ဆိုင်ခန်းဖွင့်ပေးဖို့ ကြိုးစားနေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/cb/cb5d2a1fce2090f84d14db39f83fe899d5ac21fc.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဗေဒင်ဝါသနာပါလို့ အဆင်ပြေရင်ဗေဒင်ဟောစားချင်ပါတယ်ဆိုပြီး ရင်ဖွင့်လာတဲ့ ဘဘကို ဆိုင်ခန်းဖွင့်ပေးဖို့ ကြိုးစားနေတဲ့ ပြည်သူတစ်ဦး

လက်ရှိအခြေအနေမှာဆိုရင် လူငယ်လေးတွေကအစ တစ်ကိုယ်တော်ပရဟိတအနေနဲ့ အကူအညီလိုအပ်နေသူတိုင်းကို တစ်နိုင်တစ်ပိုင်လေးကူညီနေကြတာဖြစ်ပါတယ်။လမ်းပေါ်သွားရင်းလာရင်းနဲ့ စျေးရောင်းနေတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတွေကို တွေ့တဲ့အခါမှာလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပြီး လှူဒါန်းပေးဖို့အတွက်နှိုးဆော်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း မိန်းကလေးတစ်ဦးက ဗဟန်းမှာ Maskရောင်းနေတဲ့ဘဘဆီကိုသွားပြီး ပိုက်ဆံနဲ့မုန့်တွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

စေတနာရှင်မိန်းကလေးကတော့ ဘဘလည်းအဖော်ရအောင်လို့ (၂)နာရီနီးပါးကြာမြင့်အောင် စကားတွေပြောပေးခဲ့တာဖြစ်ပါတယ်။ဘဘကလည်း မိန်းကလေးနဲ့စကားပြောရင်း သူ့ရဲ့အကြောင်းလေးတွေကိုရင်ဖွင့်တဲ့အပြင် ဗေဒင်အကြောင်းတွေလည်း ပြောပြခဲ့တာဖြစ်ပါတယ်။ဘဘက သန်လျင်မှာအိမ်ငှါးနေပြီး မိသားစုလည်းမရှိဘူးလို့ သိရပါတယ်။သန်လျင်ကနေ ဗဟန်းအထိကို ကားနှစ်ဆင့်စီးလာပြီး ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မီးပွိုင့်ထိပ်မှာMaskလေးတွေ ရိုးရိုးသားသားရောင်းကာ အသက်မွေးဝမ်းကြောင်းပြုနေတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဘဘက ဗေဒင်ဝါသနာပါတာကြောင့် အဆင်ပြေရင် ဗေဒင်လေးဟောစားချင်တယ်လို့လည်း ပြောရှာတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း စေတနာရှင်မိန်းကလေးက ဘဘကိုဗေဒင်ဟောခန်းလေးဖွင့်ပေးဖို့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တခြားသူတွေလည်းကူညီလို့ရအောင် တင်ပေးလာတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ဘဘအတွက် အလှူငွေတွေထည့်ဝင်ကြပြီး တစ်တပ်တစ်အားကူညီကြတာဖြစ်လို့ ပီတိဖြစ်စရာကောင်းလှပါတယ်။ကိုယ်တိုင်သွားရောက်ကူညီချင်တယ်ဆိုရင်လည်း ဘဘက ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် အလယ်ပစ္စယံမီးပွိုင့်နားမှာ အမြဲရှိပါတယ်ဆိုတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T