ယင်းမာပင်နဲ့ကနီမြို့နယ်ရှိရွာများတွင် အင်အားသုံးပြီး မွှေနှောက်ရှာဖွေနေတာကြောင့် တောထဲကိုထွက်ပြေးနေရတဲ့ ရွာသူ၊ရွာသားများ

//s9.kh1.co/0a/0a152654fe736ee1d3b7aadb3078c1656498dc57.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ယင်းမာပင်နဲ့ကနီမြို့နယ်ရှိရွာများတွင် အင်အားသုံးပြီး မွှေနှောက်ရှာဖွေနေတာကြောင့် တောထဲကိုထွက်ပြေးနေရတဲ့ ရွာသူ၊ရွာသားများ

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုလည်း မိမိတို့အင်အားရှိသလောက်နဲ့ ပြန်လည်ရင်ဆိုင်ကြပြီးရောင်နီသာတဲ့နေ့သစ်ဆီရောက်အောင် အတူတူကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းအတွင်းမှာ ယင်းမာပင်နဲ့ကနီမြို့နယ်ရှိရွာများတွင် အင်အားသုံးဖမ်းဆီးမှုတွေရှိခဲ့တာကြောင့် ဒေသခံပြည်သူတွေလည်း ခုခံခဲ့ကြတာဖြစ်ပါတယ်။ဒေသခံ(၂၀)နီးပါးလောက်ကျဆုံးပြီး ဒဏ်ရာရသူ၊ပျောက်ဆုံးနေသူများနဲ့ ဖမ်းဆီးခံရသူများလည်းရှိတယ်လို့ သိရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒါ့အပြင်လည်း ယာကြီး၊ ဆယ်ရွာချောင်ဒေသ၊ ကပိုင်နှင့် သီးကုန်းရွာများတွင် မွှေနှောက်ရှာဖွေနေသဖြင့် ရွာသူ၊ရွာသားများ တောထောင်ထဲကို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေကတော့ မိမိတို့သယ်နိုင်သလောက် ပစ္စည်းလေးတချို့ကိုသာယူဆောင်ပြီး လမ်းမလျှောက်နိုင်တဲ့သက်ကြီးရွယ်အိုတွေကိုလည်း ကျောပိုးကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေခမျာ အသက်အန္တရာယ်ကင်းဖို့အတွက်မိမိတို့ရဲ့ရွာလေးကို ခဏစွန့်ခွါလာရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

တောထဲမှာ ဝင်ရောက်ပုန်းခိုနေတဲ့ ရွာသူ၊ရွာသားများ နွေရာသီအပူဒဏ်ခံနိုင်ရန်အတွက် သောက်ရေ၊ဆေးဝါးများ၊အစားအသောက်နဲ့ အမိုးအကာများလိုအပ်နေတာဖြစ်ပါတယ်။လောလောဆယ်မှာတော့ ရွာသူ၊ရွာသားတွေလည်းတောထဲမှာ အဆင်ပြေသလိုသာ နေထိုင်စားသောက်နေရတာဖြစ်ပါတယ်။ရွာသူ၊ရွာသားတွေ ထွက်ပြေးတိမ်းရှောင်တဲ့နေရာက ပရဟိတအဖွဲ့တွေ သွားလာရခက်ခဲတဲ့နေရာဒေသဖြစ်ပေမယ့် မိမိတို့ပြည်သူတွေ ဒုက္ခအခက်အခဲကြုံတွေ့နေရတာဖြစ်လို့ တတ်နိုင်သလောက်ကူညီကြပါဦးလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T