အခက်အခဲတွေကြားမှာပဲ ပြေးလွှားရင်း ချီတက်ခဲ့ကြတဲ့ စမ်းချောင်းနဲ့ကြည့်မြင်တိုင်က GenZ များ

//s9.kh1.co/59/592f54cc1ad6e86fdbb7b379a9a9495c6660a325.jpeg
နေ့စဉ်သတင်းများ

 ၀၄-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.......

မြန်မာနိုင်ငံရှိ လူငယ်တွေအားလုံးဟာခုဆိုရင် တူညီတဲ့ယုံကြည်ချက်တွေကိုယ်စီနဲ့လမ်းပေါ်ထွက်ကာ မိမိတို့ရဲ့အသက်ဆုံးရှုံးမှာကိုပင်မကြောက်ဘဲ အရာရာပေးဆပ်ကာ လှုပ်ရှားမှုတွေမှာဒီနေ့ထိပါဝင်နေကြတာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးတိုက်ပွဲကြီးကလည်း အခုဆိုရင် အချိန်အားဖြင့် သုံးလတိတိပြည့်ခဲ့ပါပြီ။ခုချိန်မှာ ပြည်သူအားလုံးက အခက်အခဲတွေကိုယ်စီနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ယုံကြည်ချက်တွေအတွက် အားတင်းကာ ရှေ့ဆက်လှမ်းနေကြတာပါ။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ပြည်သူအားလုံးကလည်း တစ်ယောက်အခက်အခဲတွေကိုတစ်ယောက်ကူညီဖေးမရင်း ပန်းတိုင်ကို အရောက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။အရင်လို လမ်းမတွေထက်မှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရန် မလွယ်တော့တဲ့အချိန်တွေမှာ ပြည်သူတွေဟာ မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲ Strike လုပ်နိုင်မယ့် လှုပ်ရှားမှုတွေကိုပဲ ပြုလုပ်လျက်ရှိပါတယ်။ဒီရက်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းတွေကို ပြန်လည်တွေ့ရှိလာရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရန်ကုန်မှာဆိုရင်လည်း ဧပြီ (၂၈) နေ့မှာစပြီး မြို့နယ်ပေါင်းစုံအထွေထွေသပိတ်တွေစုပေါင်းကာ ပြောက်ကျားသပိတ်တွေကို စတင်ပြန်လည်လှုပ်ရှားခဲ့ပါတယ်။နောက်ရက်တွေမှာလည်း နေရာအသီးသီးက သပိတ်စစ်ကြောင်းတွေထွက်ရှိခဲ့တာကိုတွေ့မြင်ရပါတယ်။ယနေ့ မေလ (၄) ရက်နေ့မှာဆိုရင်လည်း ကြည့်မြင်တိုင် နဲ့ စမ်းချောင်းက GenZ တွေစုပေါင်းပြီး အခက်အခဲတွေကြားမှာပဲပြေးလွှားရင်း ပြောက်ကျားသပိတ်ကိုလှုပ်ရှားခဲ့ပြန်ပါတယ်။အားမာန်အပြည့်နဲ့ ချီတက်နေကြတဲ့ လူငယ်တွေရဲ့ ပုံတွေကြည့်ပြီးလေးစားမိတာကြောင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T