အန္တရာယ်တွေကြားမှာ အသက်စွန့်ရိုက်ကူးရင်းနဲ့ ကျည်မှန်မယ့်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့တဲ့ Gen Z လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/15/155dc0e2b025631470057a618da1051b1b77d7e7.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အန္တရာယ်တွေကြားမှာ အသက်စွန့်ရိုက်ကူးရင်းနဲ့ ကျည်မှန်မယ့်ဘေးကနေ သီသီလေးလွတ်မြောက်ခဲ့တဲ့ Gen Z လူငယ်တစ်ဦးရဲ့ဗီဒီယိုဖိုင်

ပြီးခဲ့တဲ့ မေလ (၂)ရက်မှာတော့ ဆန္ဒထုတ်ဖော်ပွဲတွေက အရင်နေ့တွေကထက် ပိုမိုများပြားနေတာကို မြန်မာနိုင်ငံအနှံ့အပြားမှာ မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသရှိ နောင်ချိုမြို့နဲ့ သီပေါမြို့တွေမှာဆိုရင်လည်း လူငယ်တွေဦးဆောင်တဲ့ သပိတ်ကြောင်းတွေ အများအပြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေကတော့ အန္တရာယ်တွေကြားကနေ ခက်ခက်ခဲခဲ လှုပ်ရှားနေရတာဖြစ်ပြီး ရဲရင့်တဲ့စိတ်ဓာတ်တွေနဲ့ နောက်မဆုတ်တမ်း ကြိုးစားနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့က သီပေါမြို့မှာလည်း သပိတ်ဖြိုခွင်းခံရတာကြောင့် ပြည်သူတစ်ဦး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါတယ် ။ အခုလည်း သီပေါမြို့က လူငယ်တစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုက လူမှုကွန်ယက်စာမျက်နှာထက်မှာ ကြည့်ရှုသူများပြားနေတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ လူငယ်တွေက လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ ဖြိုခွင်းခံရတာကြောင့် အကာအကွယ်တွေယူပြီး ရှောင်တိမ်းနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ပစ်ဖောက်မှုတွေကြားမှာ သူတို့အသက်ကို ကာကွယ်ဖို့အတွက် ကြိုးစားနေကြရှာတဲ့ ပြည်သူတွေရဲ့အဖြစ်ကို ဒီလူငယ်လေးက မှတ်တမ်းတင်ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ အန္တရာယ်တွေကြားကနေ အသက်စွန့်ပြီး ရိုက်ကူးရတာဖြစ်လို့ သူကိုယ်တိုင် ကျည်မှန်တော့မယ့်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုကိုကြည့်ရှုလိုက်ရတဲ့ ပြည်သူတွေကလည်း လူငယ်တွေ ဘေးကင်းစေဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။

Source & Video Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader

(ဗီဒီယိုကြည့်ရန်အတွက် အောက်ပါလင့်ကို Select လုပ်ပြီးပါက "Facebook"ကိုရွေး၍ ဖွင့်ပါ)

https://www.facebook.com/106559704436097/posts/284465859978813/?app=fbl

Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T