ခင်ပွန်းဖြစ်သူကျဆုံးသွားလို့ ကိုယ်ဝန်နဲ့ကျန်ရစ်ခဲ့ရတဲ့အပြင် ရုပ်အလောင်းကိုပါ အိမ်မှာထားခွင့်မရလို့ ဝမ်းနည်းစွာငိုကြွေးနေရှာတဲ့ အမျိုးသမီးတစ်ဦး

//s9.kh1.co/a5/a5c21c13e5f2029244bd415efbe4e2def05b2e47.jpg
နေ့စဉ်သတင်းများ

 ၀၃-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ခင်ပွန်းဖြစ်သူကျဆုံးသွားလို့ ကိုယ်ဝန်နဲ့ကျန်ရစ်ခဲ့ရတဲ့အပြင် ရုပ်အလောင်းကိုပါ အိမ်မှာထားခွင့်မရလို့ ဝမ်းနည်းစွာငိုကြွေးနေရှာတဲ့ အမျိုးသမီးတစ်ဦး

ပြီးခဲ့တဲ့ မေလ (၂)ရက်နေ့ကိုတော့ ပြည်သူတွေက ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေမှာပါ လူထုဆန္ဒထုတ်ဖော်ပွဲတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ် ။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေက သူတို့ရဲ့အသက်ကိုရင်းပြီး လူထုလှုပ်ရှားမှုပြုလုပ်ကြသလို ပြည်ပရောက် မြန်မာတွေကလည်း ရောက်ရာနေရာကနေ တာဝန်ကျေပွန်ခဲ့ကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ပြည်သူတစ်ချို့ကတော့ မနေ့ကပဲ အသက်ပေးသွားခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

မနေ့က ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ဦးဖြစ်တဲ့ ကိုဖိုးလုံးကတော့ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။ ကိုဖိုးလုံးက သီပေါသပိတ်ကို ဖြိုခွင်းခံရတဲ့အချိန်မှာ ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ သီပေါမြို့ လူထုလှုပ်ရှားမှုပွဲတွေမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ သူရဲကောင်းကိုဖိုးလုံးအတွက် ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Pan Ei Wai's FB Acc
Photo Credit-Pan Ei Wai's FB Acc

ကိုယ်ဝန်လွယ်ထားရတဲ့ ကိုဖိုးလုံးရဲ့ဇနီးဖြစ်သူကတော့ ခင်ပွန်းသည်ကို ဆုံးရှုံးလိုက်ရပြီဖြစ်လို့ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေရှာတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ကိုဖိုးလုံးရဲ့ရုပ်အလောင်းကိုရှာနေလို့ အိမ်မှာတောင် မထားရဘဲ မြန်မြန်ပြန်သယ်သွားခဲ့ရတာကြောင့် မိသားစုဝင်တွေခမျာ စိတ်ထိခိုက်ခံစားနေရကြောင်း ပြည်သူတစ်ဦးက ရေးသားပြောပြထားပါသေးတယ်။ မေလ (၂) ရက်နေ့မှာ ကျဆုံးခဲ့တဲ့ သူရဲကောင်း ကိုဖိုးလုံးရဲ့ရုပ်အလောင်းကို အိမ်ကနေပြန်သယ်သွားခဲ့ရတဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Pan Ei Wai's FB Acc

Photo Credit-Pan Ei Wai's FB Acc
Photo Credit-Pan Ei Wai's FB Acc
Photo Credit-Pan Ei Wai's FB Acc
Photo Credit-Pan Ei Wai's FB Acc
Photo Credit-Pan Ei Wai's FB Acc
Photo Credit-Pan Ei Wai's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T