အရမ်းရိုးသားပြီးဖြူစင်ကြတဲ့ တိုင်ရင်းသားပြည်သူတွေခမျာ မိမိတို့ရွာမှာ စစ်ဘေးဒဏ်ခံစားရလို့ ဘေးလွတ်ရာကိုသာ ပြောင်းရွှေ့နေထိုင်နေကြတာပဲဖြစ်ပါတယ်။ကလေးငယ်လေးတွေကအစ မိဘတွေရဲ့လက်ကိုဆွဲပြီး တောထောင်ထဲမှာ ခက်ခဲပင်ပန်းစွာနေထိုင်နေရတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေရဲ့ဒုက္ခကို ကိုယ်ချင်းစာပေးကြတဲ့ပြည်သူတချို့က အစားအသောက်၊အဝတ်အထည်နဲ့ အိုးခွက်တွေကို လှူဒါန်းပေးကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကလည်း ဒုက္ခရောက်နေချိန်မှာ အခုလိုလှူဒါန်းပေးကြတဲ့သူတွေကိုကျေးဇူးတင်နေကြတာဖြစ်ပါတယ်။
အခုချိန်မှာ ပြည်သူတိုင်းနီးပါးက မိမိကိုယ်တိုင်အဆင်မပြေကြပေမယ့်လည်း တစ်မြေတည်းနေပြီးတစ်ရေတည်းသောက်တဲ့ သွေးချင်းညီအစ်ကိုမောင်နှမတွေကို တတ်နိုင်သလောက်ဖေးမကူညီကြတာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း မြန်မာလူမျိုးတွေရဲ့စိတ်ရင်းက ကြင်နာသနားတတ်ပြီး လူသားအချင်းချင်းစာနာထောက်ထားပေးတတ်ကြလို့ ကြည်နူးပီတိဖြစ်စရာကောင်းလှပါတယ်။စစ်ဘေးရှောင်ပြည်သူတချို့လည်း အလှူရှင်တွေရဲ့စေတနာကြောင့်ခက်ခဲမှုတွေကြားမှာနည်းနည်းအဆင်ပြေနေကြတာပဲဖြစ်ပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေကလည်း မိမိတို့ရဲ့နေအိမ်တွေကို စွန့်ခွါကာ လူတစ်ကိုယ်စာသယ်နိုင်တဲ့ပစ္စည်းလေးတွေကိုသာသယ်ပြီးပြေးကြရတာဖြစ်ပါတယ်။မျက်မမြင်အဘွားအိုတစ်ယောက်ဆိုရင် မြေးမလေးကိုအားကိုးပြီးပြေးနေရကာ တစ်လမ်းလုံးလည်း ငိုကြွေးနေတာဖြစ်ပါတယ်။ဆိုင်ကယ်ရှိသူကလည်း ရွာမှာကျန်ခဲ့တဲ့သူတွေကို ခေါက်တုန့်ခေါက်ပြန်ခေါ်နေရတာဖြစ်လို့ စစ်ဘေးရှောင်တွေအတွက် ပြေးနေရတာတောင်မလွယ်ကူတဲ့အခြေအနေဖြစ်ပါတယ်။ဒီလိုမျိုး ဒုက္ခအခက်အခဲများစွာကိုရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်တွေကို ကိုယ်ချင်းစာမိတာကြောင့် သူတို့ရဲ့ပုံရိပ်လေးတွေကို အများသိအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source&Photo Credit: Original Uploder