အရုပ်လေးတွေလုပ်ပြီး အဝေးကြီးကနေ လာရောင်းရတဲ့ ဘွားဘွားကြီးကိုတွေ့ရင် ဝယ်ယူအားပေးကြဖို့ မေတ္တာရပ်ခံလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/04/04b14366bf30aa8a7b0ec9c314af6ef7c394556c.jpg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

အရုပ်လေးတွေလုပ်ပြီး အဝေးကြီးကနေ လာရောင်းရတဲ့ ဘွားဘွားကြီးကိုတွေ့ရင် ဝယ်ယူအားပေးကြဖို့ မေတ္တာရပ်ခံလာတဲ့ ပြည်သူတစ်ဦး

စေတနာသဒ္ဓါတရား ထက်သန်ကြတဲ့ မြန်မာနိုင်ငံက ပြည်သူတွေကတော့ သူတစ်ပါးကို ကူညီဖို့အတွက် ဘယ်တော့မှ ဝန်မလေးကြတဲ့သူတွေပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် အခုချိန်မှာဆိုရင် ပြည်သူတွေက အချင်းချင်း ရိုင်းပင်းကူညီနေကြပြီး တစ်ယောက်ကိုတစ်ယောက် အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင် ပြည်သူတစ်ဦးက အရုပ်လေးတွေလုပ်ပြီး ရောင်းချနေတဲ့ အဘွားအိုတစ်ယောက်ကို ကူညီခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc

သူကတော့ အဘွားဆီကနေ အရုပ်လေးတွေဝယ်ယူအားပေးပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် အဘွားအတွက် အကူအညီဖြစ်စေဖို့ရည်ရွယ်ပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။ သူ့ရဲ့စာအရ အဘွားက ညောင်လေးပင်ဇာတိဖြစ်ပြီး ပဲခူးမြို့၊ ရွှေမော်ဓောဘုရားမှာ ကိုယ်တိုင်လုပ်ထားတဲ့ အရုပ်လေးတွေကို (၂) ရက်ခြားတစ်ခါ၊ (၃) ရက်ခြားတစ်ခါလောက် လာရောက်ရောင်းချလေ့ရှိတာပဲ ဖြစ်ပါတယ် ။

Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc

အရုပ်လေးတွေရောင်းဖို့အတွက် အဝေးကြီးကနေ အပင်ပန်းခံပြီး လာနေရတဲ့ ဒီအဘွားကို စာနာတဲ့အနေနဲ့ ဝယ်ယူအားပေးကြဖို့ကိုလည်း သူက တောင်းဆိုပေးထားတာ ဖြစ်ပါတယ်။ တတ်ကျွမ်းတဲ့ပညာလေးနဲ့ သမာအာဇီဝကျကျ ရှာဖွေစားသောက်နေတဲ့ အဘွားကတော့ အရုပ်တစ်ရုပ်ကို တစ်ထောင်နှုန်းနဲ့ ရောင်းချနေတာဖြစ်ကြောင်း ပြောပြထားတာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေလည်း ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားမှာ အရုပ်လေးတွေရောင်းနေတဲ့ ဒီအဘွားကိုတွေ့ရင် အားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါရစေ။

Source & Photo Credit-Htet Wai Yan Kyaw's FB Acc

Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Photo Credit-Htet Wai Yan Kyaw's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T