မေလ(၂)ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာ အရမ်းစည်ကားလှတဲ့ တိုကျိုမြို့ပေါ်က လမ်းလျှောက်ချီတက်ပွဲ

//s9.kh1.co/86/86240f3557906ac3b3048689745adbd6e1eed7cd.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မေလ(၂)ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာ အရမ်းစည်ကားလှတဲ့ တိုကျိုမြို့ပေါ်က လမ်းလျှောက်ချီတက်ပွဲ

အခုရက်ပိုင်းမှာဆိုရင်တော့ ပြည်သူတွေလည်း စည်းစည်းလုံးလုံးနဲ့ လမ်းပေါ် ပြန်ထွက်လာကြပြီး လူထုလှုပ်ရှားမှုတွေကို အင်အားအပြည့်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ပြည်သူတွေက အရာရာကိုစွန့်လွှတ်အနစ်နာခံရဲကြတာကြောင့် (၃)လကျော်ကြာသွားပြီဖြစ်တဲ့ ဒီအခြေအနေကို တောင့်ခံနေကြဆဲပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာဆိုရင် လူကြီး၊လူငယ် မရွေး ပါဝင်အားဖြည့်ပေးကြပြီး တစ်ယောက်ကိုတစ်ယောက် ကာကွယ်စောင့်ရှောက်ပေးကြရင်းနဲ့ပဲ ရှေ့သို့လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ဒီနေ့ မေလ(၂)ရက်နေ့မှာတော့ ပြည်သူတွေအကုန်လုံးက ပြည်လုံးကျွတ်ဆန္ဒထုတ်ဖော်ကြဖို့အတွက် စီစဉ်ထားကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်ပကိုရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကပါ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဂျပန်နိုင်ငံ၊တိုကျိုမြို့မှာ အလုပ်လုပ်ကိုင်နေသူတွေနဲ့ မြန်မာကျောင်းသား၊ကျောင်းသူတွေက အင်္ကျီအနက်ရောင်တွေ ဆင်တူဝတ်ဆင်ကြပြီး လမ်းမပေါ်မှာ အားမာန်အပြည့်နဲ့လမ်းလျှောက်ချီတက်နေကြတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလိုမျိုး မိမိတို့ရဲ့အမိမြေအတွက် ပြည်တွင်းက မြန်မာပြည်သူလူထုနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရပ်တည်ပေးနေကြလို့ အားတက်စရာကောင်းလှပါတယ်။ဂျပန်နိုင်ငံအပြင် တခြားနိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးတွေကလည်း ဒီနေ့မှာ တစ်တပ်တစ်အားလှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။ပြည်တွင်း၊ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာပြည်သူတွေက အရေးအကြောင်းဆိုရင် အချင်းချင်းရိုင်းပင်းကူညီကြတာဖြစ်လို့ တိုကျိုမြို့ပေါ်က လမ်းလျှောက်ချီတက်ပွဲပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T