ကျူးတဲလေးမှာ မြေးငယ်လေးနဲ့အတူ နေထိုင်ပြီး ကန်စွန်းရွက်ခူးရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ အဘွားတစ်ဦး

//s9.kh1.co/66/66825d6debadf78315251140c038b8a684e3e224.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ကျူးတဲလေးမှာ မြေးငယ်လေးနဲ့အတူ နေထိုင်ပြီး ကန်စွန်းရွက်ခူးရောင်းကာ ရိုးရိုးသားသားရှာဖွေစားသောက်နေတဲ့ အဘွားတစ်ဦး

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ယခုအခြေအနေကတော့ မေလထဲကိုတောင် ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မြန်မာပြည်သူလူထုကလည်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အဆင်ပြေပြေ ဖြတ်ကျော်နိုင်အောင်လို့ ပရဟိတစိတ်ဓာတ်အပြည့်နဲ့ ဘယ်သူ့ကိုမဆို ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ပြည်သူတွေအကုန်လုံးရဲ့စုပေါင်းအားနဲ့  ဒီကာလမှာ ကြပ်တည်းနေကြတဲ့သူတွေကို မေတ္တာတရားလက်ကိုင်ထားပြီး ဝိုင်းဝန်းလှူဒါန်းပေးနေကြတာကို တွေ့မြင်နေရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ကျူးကျော်ရပ်ကွက်မှာနေထိုင်ကြတဲ့ တချို့ပြည်သူတွေဆိုရင် အလုပ်အကိုင်အခွင့်အလမ်းလည်းနည်းပါးတာကြောင့် မိသားစုရဲ့စားဝတ်နေရေးအတွက် ခက်ခဲနေရတာဖြစ်ပါတယ်။အသက်ရှင်ရပ်တည်ဖို့အတွက် ရှိသလောက်အားလေးနဲ့ပဲ ရုန်းကန်နေရရှာတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတွေလည်း အများကြီးရှိနေတာဖြစ်ပါတယ်။အခုဆိုရင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အဘွားတစ်ယောက်က ကျူးတဲလေးမှာ မြေးငယ်လေးနဲ့အတူ နေထိုင်ပြီး ရိုးရိုးသားသား ရှာဖွေစားသောက်နေတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားက မနက်ခင်းမှာ ကန်စွန်းရွက်ခူးပြီးရောင်းကာ ညနေပိုင်းမှာတော့ သိုးမွေးလုံးလေးတွေထိုးတာဖြစ်ပါတယ်။သိုးမွေးလုံးလေးတွေ အလုံး(၁၀၀)ထိုးနိုင်မှ ပိုက်ဆံငါးရာပဲရတာလို့ အဘွားက ပြည်သူတစ်ဦးကိုပြောပြခဲ့တာဖြစ်ပါတယ်။အခုအဘွားလိုမျိုးပဲ တောင်ဒဂုံကျူးကျော်ရပ်ကွက်မှာ အသက်(၆၀)ကျော် အဘိုး၊အဘွားတွေအများကြီးရှိတာကြောင့် စေတနာရှင်တွေလည်း ကူညီလှူဒါန်းနိုင်ဖို့အတွက် (09428311462)ကို ဆက်သွယ်မေးမြန်းလို့ရကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: ကူမယ် လှူမယ်- Kuu Mal Hluu Mal 
Photo Credit: ကူမယ် လှူမယ်- Kuu Mal Hluu Mal 
Photo Credit: ကူမယ် လှူမယ်- Kuu Mal Hluu Mal 
Photo Credit: ကူမယ် လှူမယ်- Kuu Mal Hluu Mal 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T