Pizzaမှာစားရင်း လာပို့ပေးတဲ့သူကြောင့် မျက်ရည်ပါဝဲခဲ့ရတဲ့အဖြစ်အပျက်ကို ရေးသားပြောပြလာတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/8d/8dbd06caf6c75b729e3c1a8d8dead851859c5b3d.jpeg
နေ့စဉ်သတင်းများ

 ၀၂-မေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

Pizzaမှာစားရင်း လာပို့ပေးတဲ့သူကြောင့် မျက်ရည်ပါဝဲခဲ့ရတဲ့အဖြစ်အပျက်ကို ရေးသားပြောပြလာတဲ့ ပြည်သူတစ်ဦး

လက်ရှိမှာဆိုရင်တော့ အင်တာနက်ဖြတ်တောက်မှုကြောင့် အင်တာနက်ကိုမှီခိုပြီး အလုပ်လုပ်ကိုင်နေကြတဲ့သူတွေအခက်အခဲတွေ့နေရတာပဲ ဖြစ်ပါတယ်။အင်တာနက်ကို မှီခိုပြီး အလုပ်လုပ်ကိုင်တဲ့သူတွေထဲမှာ Food Delivery တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။အခုကာလမှာ Riderတွေလည်း အဆင်ပြေသလိုသာ လုပ်ကိုင်နေရတာကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနေကြတာဖြစ်ပါတယ်။အသက်အရွယ်ကြီးရင့်နေတဲ့ ဦးလေးတွေလည်း စက်ဘီးလေးနင်းပြီး အစားအသောက်တွေလိုက်ပို့​ပေးနေတာကိုတွေ့မြင်နေရပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်လည်း ပြည်သူတစ်ဦးက Pizzaမှာစားရင်း မျက်ရည်ပါဝဲခဲ့ရတဲ့အဖြစ်အပျက်ကို ရေးသားပြောပြလာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့ pizzaလာပို့ပေးတဲ့သူက အသက်နည်းနည်းကြီးတဲ့ ဦးလေးကြီးတစ်ယောက်ဖြစ်ပါတယ်။ဦးလေးကြီးက မျက်နှာကိုMaskတပ်ထားလို့ မတွေ့ရပေမယ့် လက်ကိုကြည့်လိုက်တော့ အသက်ကြီးလို့အရေပြားတွေတွန့်နေတဲ့ လူကြီးလက်မျိုးဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အစားအသောက်လေးလိုက်ပို့ပြီး မနည်းရုန်းကန်နေရတဲ့ ဦးလေးကြီးကြောင့် မှာစားတဲ့ပြည်သူလည်း စိတ်မကောင်းဖြစ်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အစားအသောက်ပို့ဆောင်ပေးကြတဲ့ Rider တွေလည်း ရရှိလာတဲ့အော်ဒါလေး အနည်းငယ်ကိုသာ အတူတူခွဲဝေပြီးလုပ်ကိုင်နေကြရတာဖြစ်ပါတယ်။အခုလိုကာလမှာ Riderတွေ ခက်ခဲနေကြတာကိုတွေ့တဲ့ ပြည်သူတချို့က တခြားစေတနာရှင်တွေ ကူညီပေးလို့ရအောင် လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးနေကြတာဖြစ်ပါတယ်။အခုလိုမျိုးရိုးရိုးသားသားရှာဖွေစားသောက်နေကြတဲ့သူတွေကို တွေ့တဲ့အခါ တတ်နိုင်သလောက်အားပေးကူညီကြပါဦးလို့မေတ္တာရပ်ခံရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T