မေလ ၁ ရက်နေ့ twitter ပေါ်မှာ တွေ့ရတဲ့ မြန်မာ့ရေးရာသတင်းများ

//s9.kh1.co/ce/ce57827d2e57d5f6b5c5200d51b00a619e422b9b.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

မနက်ဖြန် မေလ၂ ရက်နေ့မှာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့အနှံ့မှ နိုင်ငံပေါင်း ၁၃ နိုင်ငံရှိ မြန်မာနိုင်ငံသားများနဲ့ မြန်မာပြည်သူဘက်မှ ရပ်တည်ပေးကြတဲ့ အခြားနိုင်ငံသားများဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ဆန္ဒထုတ်ဖော်မယ့် သတင်းဟာ twitter ပေါ်မှာပျံ့နှံ့နေတာကို တွေ့ရပါတယ်။

မနက်ဖြန် မေလ ၂ ရက်ကိုတော့ ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ အဖြစ် သတ်မှတ်ပြီး ဆန္ဒထုတ်ဖော်ကြမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

https://s9.kh1.co/__image/w=650,h=440,q=100/b5/b531652e94b0fbcd359cc753d784266176ee7192.jpg

ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ အမဲရောင် အကျီတွေဝတ်ဆင်ကာ လက်သုံးချောင်းထောင်ပြီး ဆန္ဒဖော်ထုတ်ကြဖို့ တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း မနက်ဖြန် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့မှာ ပါဝင်ပေးကြဖို့ တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=599,q=100/16/16746e277778eefa2a9a58cd59fdfaf120cbbb7d.jpg

ဒါ့အပြင် အာဏာသိမ်းတာ သုံးလကျော်လာတဲ့အချိန်မှာ လူပေါင်း 750 ကျော်သေဆုံးပြီး ဖမ်းဆီးခံရသူပေါင်းဟာလည်း ၃၅၀၀ ကျော်နေပြီဆိုတဲ့ သတင်းတွေလည်း twitter ပေါ်မှာ ပျံ့နေတာကိုတွေ့ရပါတယ်။

နောက်ထပ်အနေနဲ့ကတော့ အမျိုးသမီး ၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး  Ei Thinzar Maung ဟာ သူမရဲ့ twitter အကောင့်မှာ စစ်ကျွန်ပညာရေးကိုလက်မခံတဲ့ လှုပ်ရှားမှုအနေနဲ့ "စစ်ကျွန်ပညာရေးအမြစ်ဖြတ် ငါတို့ကျောင်းမတက် " လှုပ်ရှားမှု ပုံတွေကို တင်ပေးထားတာတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=629,q=100/19/1955fddc0b991af2d98300b2f9c52d71312ed70d.jpg
https://s9.kh1.co/__image/w=650,h=659,q=100/e2/e2f5427d54d978ab035be09a53ba0000da4c2319.jpg
https://s9.kh1.co/__image/w=650,h=489,q=100/1d/1db9405c1ecf6918ca07ed82718698a532a1c3e4.jpg
Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T