ယုံကြည်တဲ့ ပန်းတိုင်တစ်ခုအတွက် အားလုံးကြိုးစားရင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မန္တလေးမြို့သပိတ်စစ်ကြောင်း

//s9.kh1.co/58/58a2349b979ae4f382123bfb15afca7ca0484076.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကြောင့် ပြည်သူလူထုကတော့ အခုချိန်အထိ သွေးမအေးပဲ မနားမနေ ကြိုးပမ်းဆောင် ရွက်နေကြတာဖြစ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုအားကောင်းလာတာလည်း တွေ့ရပါတယ္။နေရာ တော်တော်များများတွင် ဖြိုခွဲ ဖမ်းဆီးခံနေရမှုတွေ ရှိပေမယ့်လည်း ဇွဲမလျော့ပဲ ကိုယ့်တိုင်းပြည်အတွက် တာဝန်ကျေပွန်ပြီး တတ်တတ်ကြွကြွ ပါဝင်နေကြတာလည်း အားတတ်စရာကောင်းပါတယ်နော်.....။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

အခုရက်ပိုင်းမှာဆိုရင်တော့ နွေဦးတော်လှန်ရေးက ပြန်လည်စတင်လာတာ ဖြစ်ပြီး မြို့နယ်တော်တော်များများမှာ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက် ပါဝင်လာကာ တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း အားလုံးတူညီတဲ့ ရည်မှန်းချက် ပန်းတိုင်ကို အားမာန်အပြည့်နဲ့ ချီတတ်နေကြတာ ပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ရဲစွမ်းသတ္တိအပြည့်နဲ့ ပါဝင်ဆောင်ရွက်ရင်း အသက်ပေးသွားရတဲ့ နိုင်ငံ့သူရဲကောင်းတွေလည်း အများအပြားရှိနေပြီ ဖြစ်ပါတယ်။

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader

မေလ (၁)ရက်နေ့မှာဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှု အတော်အများရှိတဲ့အထဲတွင် မန္တလေးမြို့ အတွင်းမှာလည်း တပ်ပေါင်းစုသပိတ်စစ်ကြောင်းကို ပြည်သူလူထုကတက်ကြွစွာ ကြွေးကြော်ကာ ပါဝင်လှုပ်ရှားနေကြတာ ပဲဖြစ်ပါတယ်။ပရိသတ်ကြီး အတွက် မန္တလေးမြို့ရဲ့ သပိတ်စစ်ကြောင်း ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။လေးစားရတဲ့ သူရဲကောင်းတွေ ဘေးကင်းကြပါစေလို့ ဆုတောင်းလျက်.....???

Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Photo Credit -Original Uploader
Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T