စစ်ကျွန်ပညာရေးစနစ်အလိုမရှိကြောင်း ဘွဲ့ဝတ်စုံများဝတ်ကာ သရုပ်ဖော်ရင်း ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောက်တန်းမြို့ကလူငယ်များ

//s9.kh1.co/79/79f003a271fa9f76ac2285f42fd03606a89dc600.jpeg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြန်မာနိုင်ငံမှာ ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အမြဲမပြတ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ် ။ ပြည်သူအားလုံးက ရဲရင့်ကြသလို မျိုးဆက်သစ်လူငယ် တွေရဲ့ တီထွင်နိုင်မှုတွေကိုလည်း အားလုံးက လေးစားချီးကျူးနေကြတာပါ။လူငယ်တွေကလည်း ဘယ်လောက်ပဲအခက်အခဲတွေရှိနေပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေခဲ့တာ ဒီနေ့ဆိုရင် နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးဟာ သုံးလတိတိပြည့်ခဲ့ပါပြီ ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒီလို အချိန်သုံးလအတွင်းမှာ အသက်ပေးသွားကြသူတွေလည်းများပြားခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေလည်းထောင်ချီရှိခဲ့ပြီဖြစ်ပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုံကလည်း ဒီလှုပ်ရှားမှုကြီးမှာ အင်တိုက်အားတိုက် ပါဝင်အားဖြည့်ပေးနေကြတာလည်းဖြစ်ပါတယ်။စည်းစည်းလုံးလုံးနဲ့ တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမရင်း အခက်အခဲတွေကို ရင်ဆိုင်ကာ ယုံကြည်ချက်ပန်းတိုင်ကို လျှောက်လှမ်းနေကြရတာပါ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

နေ့စဉ်တိုင်း မရိုးနိုင်တဲ့ လှုပ်ရှားမှုမျိုးစုံကို နေရာအနှံ့အပြားမှာ ပြုလုပ်ရင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြတာလည်းဖြစ်ပါတယ်။ဒီရက်ပိုင်း ရန်ကုန်မြို့မှာဆိုရင်လည်း သပိတ်စစ်ကြောင်းတွေကို အားအင်အပြည့်နဲ့ မြို့နယ်အသီးသီးမှာ ပြန်လည်လှုပ်ရှားလာကြတာကိုတွေ့မြင်ရပါတယ်။အခုလည်း ကျောက်တန်းမြို့ကလူငယ်တွေဟာ ဘွဲ့ဝတ်စုံများကိုဆင်မြန်းကာ မိမိတို့ဆန္ဒတွေကို သရုပ်ဖော်ရင်း စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်းသပိတ်ကို လှုပ်ရှားခဲ့ကြတာတွေ့ရပါတယ်။ဒီသပိတ်ကိုတော့ အခြားမြို့တွေက ကျောင်းသူကျောင်းသားတွေလည်း ဆန္ဒထုတ်ဖော်လျက်ရှိတာလည်းဖြစ်ပါတယ်။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T