ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို သွားရောက်ရင်းနဲ့ ကြုံတွေ့ရတာတွေကို ပြောပြလာတဲ့ ဆရာဝန်တစ်ဦး

//s9.kh1.co/7b/7bb3134a774a6ddb92c4e459d203e83d1a2fb660.jpg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို သွားရောက်ရင်းနဲ့ ကြုံတွေ့ရတာတွေကို ပြောပြလာတဲ့ ဆရာဝန်တစ်ဦး

မြို့ကြီးပြကြီးတွေမှာရှိတဲ့ ပြည်သူတွေက လူထုလှုပ်ရှားမှုတွေကို နေ့စဉ်နဲ့အမျှ ပြုလုပ်နေကြသလို နယ်မြို့လေးတွေမှာရှိတဲ့ ပြည်သူတွေကလည်း ရရာနည်းလမ်းနဲ့ ကြိုးစားပါဝင်ပေးနေကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်လည်း ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေ များပြားလာခဲ့ပြီ ဖြစ်ပါတယ် ။ အဲ့ဒီပြည်သူတွေအတွက် အလှူရှင်တွေကလည်း လိုအပ်တာတွေကို တတ်နိုင်သလောက် ကူညီလှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

အခုလည်း ကချင်ပြည်နယ်ရှိ စစ်ဖြစ်ပွားနေတဲ့ ဒေသအတွင်းကို ရောက်ရှိနေတဲ့ ဆရာဝန်တစ်ဦးက သူကြုံတွေ့နေရတာတွေကို ပြောပြထားတာ ဖြစ်ပါတယ် ။ စစ်ဘေးရှောင် (၁၀၀၀) နီးပါးရှိတဲ့ အဲ့ဒီဒေသမှာဆိုရင် သက်ကြီးရွယ်အိုတွေခမျာ အသံကြားတာနဲ့ ထိတ်လန့်နေရသလို တစ်ချို့ဆိုရင်လည်း မအိပ်ရတာ ရက်အတော်ကြာနေပြီဖြစ်ကြောင်း ရေးသားထားတာ ဖြစ်ပါတယ် ။ ဒီလိုအခြေအနေတွေကြောင့် ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေ Mental Trauma ရသွားမှာ စိုးရိမ်နေရတယ်လို့လည်း အဲ့ဒီဆရာဝန်က ပြောထားတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါကြောင့်လည်း စစ်ဘေးရှောင်ကလေးတွေအတွက် ပြည်သူတွေလှူပေးလိုက်တဲ့ အရုပ်တွေ၊ အဝတ်အစားတွေကို သူ့အနေနဲ့ ရအောင်သယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးငယ်တွေကလည်း အရုပ်မဲဖောက်ပေးမယ်ဆိုလို့ မယောင်မလည် လာကြည့်ကြသလို အရုပ်အကြီးကြီးတွေမြင်လို့လည်း မျက်နှာလေးတွေ ပြုံးရွှင်နေကြောင်း သူကရေးသားပြောပြထားပါသေးတယ်။ စစ်ဘေးရှောင်စခန်းတစ်ခုကို ရောက်ရှိနေတဲ့ ဆရာဝန်တစ်ဦးရဲ့ကိုယ်တွေ့ဖြစ်ရပ်အကြောင်း ရေးသားထားတဲ့စာကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T