အနိုင်မခံအရှုံးမပေး နွေဦးတော်လှန်ရေးသပိတ်ကို အခက်အခဲတွေကြားကနေပဲ ပြေးလွှားလှုပ်ရှားခဲ့ကြတဲ့ ရန်ကုန်ကလူငယ်များ

//s9.kh1.co/2a/2af1381cf4f28dafafa8f583e41a042e39875648.jpeg
နေ့စဉ်သတင်းများ

 ၀၁-မေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

မြို့နယ်အရပ်ရပ်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုကတော့ လူထုလှုပ်ရှားမှုတွေကို နေ့တိုင်း မနားမနေလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ယခုဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင် လူတိုင်းနီးပါးက မိမိစွမ်းဆောင်နိုင်တဲ့နေရာကနေ တိုင်းပြည်အတွက် အားတက်သရောပါဝင်အားဖြည့်ပေးနေကြတာဖြစ်ပါတယ်။တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားပေမယ့် ပြည်သူလူထုကတော့ သတ္တိအပြည့်နဲ့ နောက်မဆုတ်သွားဘဲ ယုံကြည်ချက်တွေအတွက် ရှေ့ဆက်လှမ်းနေဆဲပါ။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အခုဆိုရင် ရန်ကုန်မြို့ရဲ့နေရာအနှံ့အပြားမှာ ဆန္ဒထုတ်ဖော်မှုတွေ နေ့စဉ်တိုင်းလိုလို ရှိလာတာကိုတွေ့မြင်ရပါတယ်။ ဧပြီ (၂၈) ရက်နေ့ထဲကစပြီး "ဘာတွေလည်း ရန်ကုန်သားတွေ" ဆိုတဲ့ သပိတ်ကြီးကြောင့် နွေဦးတော်လှန်ရေးကြီးက ပြန်လည်အသက်ဝင်လာခဲ့ပါတယ်။ နောက်ရက်တွေမှာဆိုရင်လည်း မြို့နယ်အလိုက် ပြောက်ကျားသပိတ်လှုပ်ရှားမှုတွေကို လူငယ်တွေ အခက်အခဲတွေကြားကနေပဲ ဆက်တိုက်ပြုလုပ်လာကြတာတွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဧပြီလ (၃၀) ရက်နေ့မှာဆိုရင်လည်း မြိုနယ်ပေါင်းစုံက လူငယ်တွေစုပြီး မိုးရေတွေကြားထဲမှာ ချီတက်လှုပ်ရှားခဲ့ကြပါတယ်။ မိုးရေတွေစိုရွှဲနေပေမယ့် အားမာန်အပြည့်နဲ့ ကြွေးကြော်နေတဲ့ လူငယ်လေးတွေရဲ့ ပုံရိပ်တွေကလည်း ပြည်သူတွေရင်ကိုထိမှန်စေခဲ့ပါတယ်။ဒါ့အပြင် စမ်းချောင်းနဲ့ ကြည့်မြင်တိုင်က လူငယ်တွေကလည်း အနိုင်မခံအရှုံးမပေး နွေဦးတော်လှန်ရေးသပိတ်ကို ပြေးလွှားရင်း လှုပ်ရှားပါဝင်ခဲ့ပါတယ်။ ဒီလိုလှုပ်ရှားကြရာမှာ တစ်ချို့မြို့နယ်တွေမှာ အောင်မြင်စွာလူစုခွဲနိုင်ခဲ့ပြီး တစ်ချို့နေရာတွေမှာတော့ အနည်းငယ် ဖမ်းဆီခံခဲ့ရတဲ့ လူငယ်တွေလည်းရှိခဲ့ပါတယ်။ပရိသတ်ကြီးအတွက် ရန်ကုန်မြို့က လူငယ်တွေရဲ့ သပိတ်စစ်ကြောင်းပုံရိပ်တွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T