ရပ်ကွက်ကကျွေးမွေးထားပေမယ့် နေစရာအိမ်မရှိလို့ လမ်းဘေးမှာရပ်ထားတဲ့တွန်းလှည်းပေါ်မှာသာ နေထိုင်စားသောက်နေရတဲ့ အဘွားတစ်ဦး

//s9.kh1.co/94/94b085f3d31155d23387c9b1836d4cadaba8f5eb.jpeg
နေ့စဉ်သတင်းများ

 ၃၀-ပြီ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ရပ်ကွက်ကကျွေးမွေးထားပေမယ့် နေစရာအိမ်မရှိလို့ လမ်းဘေးမှာရပ်ထားတဲ့တွန်းလှည်းပေါ်မှာသာ နေထိုင်စားသောက်နေရတဲ့ အဘွားတစ်ဦး

လက်ရှိအခြေအနေမှာတော့ လူတိုင်းနီးပါး ကျပ်တည်းနေကြတာဖြစ်ပြီး ခိုးကိုးရာမဲ့နေတဲ့သက်ကြီးရွယ်အိုတွေလည်း ပင်ပင်ပန်းပန်းနဲ့ရပ်တည်နေရတာဖြစ်ပါတယ်။သနားကြင်နာစိတ်အပြည့်ရှိကြတဲ့ ပြည်သူတွေက ရုန်းကန်နေရတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတွေကို တွေ့တဲ့အခါ ဂရုဏာထားပြီး စောင့်ရှာက်ပေးကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း အဘွားတစ်ယောက်က နေစရာအိမ်မရှိဘဲ လမ်းဘေးမှာရပ်ထားတဲ့ တွန်းလှည်းပေါ်မှာသာ နေထိုင်နေရတာ ဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အဘွားက သားသမီးငါးယောက်ကိုမွေးဖွားခဲ့ပေမယ့် လေးယောက်ကဆုံးပါးသွားပြီး သားအငယ်ဆုံးသာကျန်ရှိနေတာဖြစ်ပါတယ်။သားအငယ်ဆုံးက ဆိုက်ကားနင်းပေမယ့် အဘွားကို ရပ်ကွက်ကကျွေးမွေးပြီး တတ်နိုင်သလောက်ကြည့်ရှု့ပေးကြတာဖြစ်ပါတယ်။အဘွားနေထိုင်နေတဲ့နေရာက မိုးမလုံ၊လေမလုံတဲ့အပြင် နေ့ဘက်တွေတောင်ခြင်အရမ်းကိုက်တာဖြစ်ပါတယ်။ပရဟိတအဖွဲ့တစ်ဖွဲ့ကလည်း အဘွားကို ဘိုးဘွားရိပ်သာပို့ဖို့စီစဉ်ခဲ့ပေမယ့် သားအငယ်ဆုံးကိုမခွဲလို့ အဘွားကငြင်းခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုလည်း စေတနာရှင်ပြည်သူတစ်ဦးက အဘွားရဲ့ဒုက္ခအခက်အခဲတွေကို မကြည့်ရက်လို့ တခြားနေရာပြောင်းဖို့ပြောပေမယ့် အဘွားက ဒီရပ်ကွက်ကိုသံယောဇဉ်ဖြစ်လို့ မပြောင်းချင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။အဘွားအတွက် နေရာလေးတစ်နေရာလောက် စီစဉ်ပေးဖို့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပြည်သူတစ်ဦးက အကူအညီတောင်းခံလာတာဖြစ်ပါတယ်။စေတနာရှင်တွေလည်း အဘွားအဆင်ပြေပြေနေရအောင်လို့ ကူညီချင်တယ်ဆိုရင်တော့ (09444482883)ကို ဆက်သွယ်မေးမြန်းလို့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T